Connect with us

International Organizations

အာဖဂန်နစ္စတန် နိုင်ငံ အစိုးရ နှင့် တာလီဘန် တို့မှ ယာယီ အပစ်အခတ် ရပ်စဲကြောင်း ကြေညာခြင်း အား ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ကြိုဆို

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ တွင် အစည်းအဝေး ကျင်းပ ပြုလုပ်နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန် နိုင်ငံ အစိုးရ နှင့် တာလီဘန် လက်နက်ကိုင် အဖွဲ့အစည်း တို့က ပြီးခဲ့သည့် အပတ် တွင် ယာယီအပစ်အခတ် ရပ်စဲကြောင်း ထုတ်ပြန်ကြေညာ ခဲ့ခြင်း နှင့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ က ကြိုဆိုကြောင်း ဇွန်လ ၁၁ ရက်နေ့ ၌ ထုတ်ပြန်ကြေညာ ခဲ့ပြီး တာလီဘန် အနေဖြင့် အာဖဂန်နစ္စတန် အစိုးရ မှ အဆိုပြုခဲ့ဖူးသည့် နှစ်ဖက် တောင်းဆိုချက်မဲ့ တိုက်ရိုက်ဆွေးနွေးမှု ပြုလုပ်ခြင်း ကို လက်ခံရန် တိုက်တွန်းကြောင်း ပြောကြား ခဲ့သည်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ က တာလီဘန် လက်နက်ကိုင် အဖွဲ့အစည်း အား အာဖဂန်နစ္စတန် နိုင်ငံ အစိုးရ မှ ယခု နှစ် ဖေဖော်ဝါရီ လ တွင် အဆိုပြုခဲ့သည့် ဆွေးနွေးမှု ပုံစံ ကို လက်ခံရန် ထပ်မံ တောင်းဆိုခဲ့ပြီး အာဖဂန်နစ္စတန် နိုင်ငံ အစိုးရ ဦးဆောင်သည့် သည်းခံမှုရှိသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် သည် အာဖဂန်နစ္စတန် နိုင်ငံ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် လွန်စွာ အရေးပါကြောင်း ၊ ကုလသမဂ္ဂ အနေဖြင့် အာဖဂန်နစ္စတန် နိုင်ငံ အစိုးရ ၏ ကြိုးပမ်းအားထုတ် မှု အပေါ် ထောက်ခံအားပေး ပြီး ယင်းဆောင်ရွက်မှု အတွက် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးသွား လိုကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

အာဖဂန်နစ္စတန် နိုင်ငံ အစိုးရ က ဇွန်လ ၁၂ ရက်နေ့ မှ စတင်၍ တာလီဘန် အဖွဲ့အစည်း နှင့် တစ်ပတ်ခန့် အပစ်အခတ် ရပ်စဲကြောင်း ၊ အပစ်အခတ် ရပ်စဲသည့် အဖွဲ့အစည်း များ တွင် အစွန်းရောက် အဖွဲ့အစည်း များဖြစ်ကြသည့် IS နှင့် Al-Qaeda တို့ မပါဝင်ကြောင်း ဇွန်လ ၇ ရက်နေ့ က ထုတ်ပြန်ကြေညာ ခဲ့သည်။ တာလီဘန် လက်နက်ကိုင် အဖွဲ့အစည်း က ဇွန်လ ၉ ရက်နေ့ ၌ ဥပုသ်ထွက် ပွဲတော် အချိန်ကာလ အတွင်း အစိုးရ တပ်ဖွဲ့ နှင့် ၃ ရက် အပစ်အခတ် ရပ်စဲကြောင်း ထုတ်ပြန်ကြေညာ ခဲ့ပြီး ၎င်းမှာလည်း ၂၀၁၇ ခုနှစ် နောက်ပိုင်း ပထမ ဦးဆုံး အပစ်အခတ် ရပ်စဲကြောင်း ကြေညာခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.