Connect with us

Latin America

ဘရာဇီးရွေးကောက်ပွဲအတွက် သဘာဝပတ်ဝန်းကျင်ပညာရှင် ဆေးလ်ဗား လူကြိုက်အများဆုံးဖြစ်နေ

၂၀၁၄ ခုနှစ် ဘရာဇီးရွေးကောက်ပွဲတွင် မဲဆွယ်နေသော ဆေးလ်ဗား အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရီယိုဒီဂျနေရို ၊ မတ် ၂၁ ရက် ( ဆင်ဟွာ )

Sustainability Network ပါတီ တည်ထောင်သူ နှင့် သဘာဝပတ်ဝန်းကျင် ပညာရှင်တစ်ဦးဖြစ်သူ မာရီနာဆေးလ်ဗား သည် ၂၀၁၈ တွင်ကျင်းပမည့်ဘရာဇီးရွေးကောက်ပွဲ အတွက် လူကြိုက်များမှုတွင် ထိပ်ဆုံးမှ ဦးဆောင်နေကြောင်း မတ်လ၂၀ ရက်က ပြုလုပ်သော လူထုစစ်တမ်း ကောက်ယူမှုအရ သိရသည်။

ပြီးခဲ့သော ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲတွင် မဲရရှိမှု တတိယနေရာ၌ ရပ်တည်ခဲ့သူ ဆေးလ်ဗားသည် အဓိက အတိုက်အခံ PSDB ပါတီ၏ သမ္မတလောင်းပေါ် မူတည်ပြီး လာမည့် ရွေးကောက်ပွဲတွင် မဲရရှိနိုင်ခြေ ၂၁ ရာခိုင်နှုန်းမှ ၂၄ ရာခိုင်နှုန်းအတွင်း ရရှိနိုင်ကြောင်း စစ်တမ်းများက ဆိုသည်။

အကယ်၍ PSDB ပါတီက Aecio Neves အားကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင် သွင်းခဲ့ပါက ဆေးလ်ဗားအနေဖြင့် မဲရနိုင်ခြေ ၂၁ ရာခိုင်နှုန်းရှိပြီး ၊ Neves အနေဖြင့် ၁၉ ရာခိုင်နှုန်းရနိုင်ခြေ ရှိပါသည်။ ယင်းအခြေအနေတွင် အလုပ်သမားပါတီမှ ယခင်သမ္မတဟောင်း Luiz Inacio Lula da Silva အနေဖြင့် မဲရနိုင်ခြေ ၁၇ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

သို့သော် PSDB ပါတီက ယင်းတို့၏ ကိုယ်စားလှယ်လောင်းကို ဆာအိုပေါ်လို မြို့တော်ဝန် Luiz Inacio Lula da Silva ( သို့မဟုတ် ) လွှတ်တော်အမတ် Luiz Inacio Lula da Silva တစ်ဦးဦးအား အမည်စာရင်း တင်သွင်းလာပါက ဆေးလ်ဗား၏ မဲရနိုင်ခြေမှာ ၂၃ ရာခိုင်နှုန်းမှ ၂၄ ရာခိုင်နှုန်းအထိ မြင့်တက်သွားနိုင်ပါသည်။

Aecio Neves နှင့် Luiz Inacio Lula da Silva တို့သည် နိုင်ငံပိုင် လောင်စာဆီ ကုမ္ပဏီ နှင့်ဆက်စပ်ပြီး လာဘ်ပေးလာဘ်ယူမှုပြုလုပ်ခဲ့ကြောင်း စွပ်စွဲခဲ့ထားရသဖြင့် ယခုကဲ့သို့ဆေလ်းဗား အပေါ်လူကြိုက်များမှု မြင့်တက်နေခြင်း ဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်ဟောင်း နှင့် ပတ်ဝန်ကျင်ရေးရာ ဝန်ကြီးဟောင်း တစ်ဦးဖြစ်သူ ဆေးလ်ဗားသည် အမေဇုန်သစ်တော ကာကွယ်ထိန်းသိမ်းရေးကြိုးပမ်းမှု အတွက် နိုင်ငံတကာတွင် နာမည် ကောင်းရရှိထားသူ တစ်ဦးလည်း ဖြစ်သည်။ ၎င်းသည် ပြီးခဲ့သော ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲနှင့် ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲနှစ်ခုစလုံးတွင် အမျိုးသမီး သမ္မတ လောင်းတစ်ဦးအဖြစ် ပါဝင် ယှဉ်ပြိုင်ခဲ့သူတစ်ဦးဖြစ် သည်။

ယခုထုတ်ပြန်လိုက်သော လူထုစစ်တမ်းသည် မတ်လ ၁၇ နှင့် ၁၈ ရက်နေ့များက နိုင်ငံအတွင်း ရှိ မြူနီစပယ် နယ်နိမိတ်တွင် နေထိုင်ကြသည့် ပြည်သူ ၂၇၉၄ ဦးအား ကောက်ယူခဲ့သော လူထု စစ်တမ်းတစ်ရပ်ဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.