Connect with us

Latin America

ဟွန်ဒူးရပ်စ်တွင် ရေကြီးမှုကြောင့် လူ ၈ဦးသေဆုံး

ဟွန်ဒူးရပ်စ်နိုင်ငံ တွင် ရေလွှမ်းမိုးမှုများဖြစ်ပွားနေစဉ် (ဓါတ်ပုံ-အင်တာနက်)

ဟွန်ဒူးရပ်စ်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)

ဟွန်ဒူးရပ်စ်နိုင်ငံ တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အနည်းဆုံး လူ ၈ဦးသေဆုံးပြီး ရေကြီးမှုများ ဖြစ်ပွားခဲ့ရာ လူ ၁၅,၀၀၀ဦး ဘေးဒုက္ခရောက်ခဲ့ရကြောင်း အာဏာပိုင်များ က အောက်တိုဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

နိုင်ငံအရှေ့မြောက်ပိုင်း Olancho မီးသတ်ဌာန မှ မီးသတ်သမားများသည် Las Joyas မြစ်အတွင်း မျောပါလာသော အမျိုးသားတစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ပြီး ၎င်းသည် အသက် ၅၆နှစ်အရွယ် Renan Matute ဖြစ်ကာ ၎င်းအား လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ရေစီးနေသော မြစ်တစ်ခုအား မြင်းစီး၍ ကျော်ဖြတ်ရန် ကြိုးစားနေသည်ကို တွေ့ရှိခဲ့ကြကြောင်း သိရသည်။

၎င်းသည် အနီးအနားဒေသတစ်ခုရှိ သမီးဖြစ်သူထံသို့သွားရောက်ရန် မြစ်ကိုဖြတ်ကျော်ခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များကပြောကြားခဲ့သည်။

ဟွန်ဒူးရပ်စ်အမြဲတမ်းအရေးပေါ်ကော်မရှင် (COPECC) သည် အောက်တိုဘာ ၁၀ ရက်တွင် Francisco Morazan ဒေသ၊ နိုင်ငံတောင်ပိုင်းဒေသများဖြစ်သော Valle နှင့် Choluteca ဒေသများ၌ အနီရောင် အဆင့် သတ်မှတ်ထားကြောင်း သိရသည်။

မြို့ပြကာကွယ်ရေး ဆိုင်ရာ ဟွန်ဒူးရပ်စ်အာဏာပိုင်များက အောက်တိုဘာ ၄ ရက်တွင် စတင်ရွာသွန်းခဲ့သော မိုးကြောင့် လူ ၆,၇၉၂ဦး ယာယီတဲများ သို့ ရွှေ့ပြောင်းနေထိုင်ခဲ့ရပြီး နေအိမ် ၁,၀၀၀ခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.