Connect with us

Latin America

အမေရိကန် နိုင်ငံ က ဗင်နီဇွဲလား နိုင်ငံ အစိုးရ ဘဏ် နှင့် ဆက်စပ် အဖွဲ့အစည်း များအား အရေးယူ ပိတ်ဆို့

ဝါရှင်တန် ၊ မတ် ၂၃ ရက် (ဆင်ဟွာ)
အမေရိကန် နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာန က ဗင်နီဇွဲလား နိုင်ငံ ၏ အဓိက ကျသော အစိုးရ ဘဏ် တစ်ခု နှင့် ၎င်း ဆက်စပ်မှု ရှိသော ငွေကြေးဆိုင်ရာ အဖွဲ့အစည်း များအား အရေးယူ ပိတ်ဆို့မှု ဆောင်ရွက်ကြောင်း မတ်လ ၂၂ ရက် ၌ ထုတ်ပြန်ကြေညာ ခဲ့သည်။

အမေရိကန် နိုင်ငံ ၏ ထုတ်ပြန်ကြေညာချက် တွင် ဗင်နီဇွဲလား နိုင်ငံ စီးပွားရေး နှင့် လူမှုဘဝ တိုးတက်ရေး ဘဏ် နှင့် ဆက်စပ် ငွေကြေး အဖွဲ့အစည်း ၄ ခု အား အရေးယူ ပိတ်ဆို့မှု ဆောင်ရွက်ကြောင်း ၊ အကြောင်းပြချက် အနေဖြင့် ယင်း ဘဏ် က မာဒူရို အစိုးရ အား ပြည်ပ သို့ ငွေကြေး ပြောင်းရွေ့ရန် အတွက် ကူညီပေးခြင်းကြောင့် ဖြစ်ကြောင်း ၊ ထို့ပြင် ဗင်နီဇွဲလား နိုင်ငံ အစိုးရ က အတိုက်အခံ ပါတီ ခေါင်းဆောင်များ အား ဖမ်းဆီး ခြင်း အပေါ် တုန့်ပြန်မှု အနေဖြင့် အရေးယူ ပိတ်ဆို့မှု ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ပါဝင် ခဲ့သည်။
အရေးယူ ပိတ်ဆို့မှု အရ အမေရိကန် နိုင်ငံ အတွင်း ရှိ သက်ဆိုင်ရာ ပိုင်ဆိုင်မှု အားလုံး အား ထိန်းချုပ်သွားမည် ဖြစ်ပြီး အမေရိကန် နိုင်ငံသား များ အနေဖြင့် ယင်း သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီး နှင့် ပတ်သက်မှု ကိုလည်း ကန့်သက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
ဗင်နီဇွဲလား လွှတ်တော်ဥက္ကဋ္ဌ ၊ အတိုက်အခံပါတီခေါင်းဆောင် ဂျူရန်ဂူအက်ခ်ဒို(Juan Guaido) က ယခုနှစ် ဇန်နဝါရီ ၂၃ ရက် ၌ မိမိ အား ယာယီ သမ္မတ အဖြစ် ကြေညာခဲ့ပြီး အမေရိကန် နိုင်ငံ ၏ ထောက်ခံမှု ကိုလည်း ရရှိခဲ့သည်။ ဇန်နဝါရီ ၂၈ ရက် ၌ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး ဌာန က ဗင်နီဇွဲလား နိုင်ငံပိုင် ရေနံ ကုမ္ပဏီ အား အရေးယူ ပိတ်ဆို့မှု ဆောင်ရွက် ခဲ့ပြီး ပိတ်ဆို့အရေးယူမှု နှင့် ဖိအားပေးမှုများ အဆက်မပြတ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.