Connect with us

Latin America

အီကွေဒေါ ငလျင်ကြောင့် သေဆုံးသူ ၂၃၃ဦး အထိမြင့်တက်လာ

အီကွေဒေါငလျင်လှုပ်ခတ်ခဲ့ပြီးနောက် အပျက်အစီးများကိုတွေ့ရစဉ် (ဆင်ဟွာ)

အီကွေဒေါ၊ ဧပြီ ၁၇ရက် (ဆင်ဟွာ)

အီကွေဒေါနိုင်ငံ ကမ်းရိုးတန်းကို ဗဟိုပြုပြီး ဧပြီလ ၁၆ရက် က အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့မှုကြောင့် အနည်းဆုံး လူ ၂၃၃ဦးသေဆုံးပြီး ကနဦးသတင်းများအရ ဒဏ်ရာရှိသူ ၆၀၀နီးပါးရှိကာ အရေအတွက် ဆက်လက်မြင့်တက်လာနိုင်ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။

အီကွေဒေါ ဒုတိယ သမ္မတ Jorge Glas က နိုင်ငံ ၏ လူဦးရေထူထပ်သည့် ကမ်းရိုးတန်း ဒေသကို ဗဟိုပြု ၍ အင်အား ရစ်ချ်တာ စကေး ၇.၈ ရှိသည့် ငလျင်တစ်ခု လှုပ်ခတ်သွားမှုကြောင့် ထပ်တိုး သေဆုံးသူ ဦးရေ စာရင်းကို သတင်းစာ ရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့ကြောင်း သိရသည်။

အီကွေဒေါငလျင်လှုပ်ခတ်ခဲ့ပြီးနောက် အပျက်အစီးများကိုတွေ့ရစဉ် (ဆင်ဟွာ)
၎င်းက ယခု လှုပ်ခတ်ခဲ့သည့် ငလျင်သည် ၁၉၇၉ခုနှစ်နောက်ပိုင်း လှုပ်ခတ်ခဲ့သည့် အင်အား အပြင်းထန်ဆုံး ငလျင်တစ်ခုဖြစ်ပြီး တောင်တန်းထူထပ်သည့် နိုင်ငံတွင်မြေပြိုမှု များကြောင့် ငလျင်ဒဏ်ခံရသည့်ဒေသသို့ သွားရောက်ရန် အလွန်ခက်ခဲကြောင်း ပြောကြားခဲ့သည်။

အီကွေဒေါသမ္မတ Rafael Correa က နိုင်ငံတော်အဆင့် အရေးပေါ်အခြေအနေ ၂လကြေညာခဲ့ကြောင်း သိရသည်။

အီကွေဒေါနိုင်ငံ ဘေးအန္တရာယ် စီမံခန့်ခွဲရေး အေဂျင်စီ၏ ဖော်ပြချက်အရ တပ်မတော်သား ၁၀,၀၀၀ကျော်၊ ရဲတပ်ဖွဲ့နှင့် မီးသတ်အင်အား ၃၇၀၀အား Manabi၊ Esmeraldas နှင့် Guayas မြို့များသို့ အကူအညီပေးရန် ဖြန့်ကျက်စေလွှတ်ထားကြောင်း နှင့် ကယ်ဆယ်ရေးစခန်း ၅ခု လုပ်ဆောင်ပေးထားကြောင်းသိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117