Connect with us

Latin America

ကိုလံဘီယာ မြေပြိုမှု သေဆုံးသူ ၃၀၆ ဦးအထိ ရှိလာ

ကိုလံဘီယာနိုင်ငံတွင် မြေပြိုမှုကြောင့် ပျက်စီးမှုများအား သမ္မတ ဂျန် မန်နျူရယ် ဆန်တို့စ်က ကြည့်ရှုစစ်ဆေးနေစဉ် (ဆင်ဟွာ)

ဘိုဂိုတာ၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

ကိုလံဘီယာနိုင်ငံ Mocoa မြို့၌ ဧပြီလ ၁ ရက်က ဖြစ်ပွားခဲ့သည့် မြေပြိုမှုတွင် အနည်းဆုံး သေဆုံးသူ ၃၀၆ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၃၆၂ ဦးရှိကြောင်း သိရသည်။

ကာကွယ်ရေး ဝန်ကြီးနှင့် Mocoa ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအတွက် တာဝန်ယူထားသူ Luis Carlos Villegas က ကလေး ၉၂ ဦး အပါအဝင် လူပေါင်း ၂၂၀ ဦး၏ ရုပ်အလောင်းများကို စိစစ်ပြီးနောက် သက်ဆိုင်ရာ မိသားစုများထံ လွှဲပြောင်းပေးပြီး ဖြစ်ကြောင်း ဧပြီလ ၆ ရက်က သတင်းထောက်များအား ပြောကြားခဲ့သည်။

“လူပေါင်း ၃၆၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်၊ အဲဒီအထဲက ၁၉ ဦးက ဆေးရုံပေါ်မှာပဲ ရှိနေသေးတယ်၊ အခြား လူ ၁၀၀ ဦးကိုတော့ အထူး ကုသရေး စင်တာသို့ ပို့ဆောင်ထားပြီး ယာယီ အဆောက်အအုံတွေ၊ အစိုးရရဲ့ စားနပ်ရိက္ခာ ထောက်ပံ့မှုတွေကိုလဲ ကြည့်ရှုစစ်ဆေးနေတယ်” ဟု ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

ကိုလံဘီယာနိုင်ငံတွင် မြေပြိုမှုကြောင့် ပျက်စီးမှုများအား တွေ့ရစဉ် (ဆင်ဟွာ)

မကြာသေးမီနေ့များကလည်း ရောဂါ ဖြစ်ပွားမှုများ ကာကွယ်ရန် ကာကွယ်ဆေးထိုးခြင်း လိုအပ်ချက်များ မြင့်တက်လာခဲ့ကြောင်း သိရသည်။

ကိုလံဘီယာ သမ္မတ ဂျန် မန်နျူရယ် ဆန်တို့စ်၏ ညွှန်ကြားချက်ဖြင် ရွှေ့ပြောင်းနေထိုင်ရသူများအား နေ့စဉ် ထောက်ပံ့မှုများကို အနည်းဆုံး ဧပြီလ ၁၆ ရက်အထိ ဆက်လက်ပေးသွားမည် ဖြစ်သည်။

မတ်လ ၃၁ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် Mocoa, Mulato နှင့် Sancoyaco စသည့် မြစ်များတွင် စိုးရိမ်ရေမှတ်ထက် ကျော်လွန်သွားခဲ့ပြီး Mocoa မြို့အတွင်း ရေများဝင်ရောက်ခဲ့သည်။

ထိုသို့ မိုးသည်းထန်မှုကြောင့် ဧပြီလ ၁ ရက်နေ့ နံနက်ပိုင်းက မြေပြိုမှု ဖြစ်ပွားခဲ့ပြီး ယင်းအချိန်၌ မြို့ပေါ်ရှိ လူ ၄၃,၇၀၀ အနက် အများစုမှာ အိပ်မောကျလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.