Connect with us

Latin America

ကိုလံဘီယာ သူပုန်များက အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် မျှော်လင့်

ကိုလံဘီယာ ငြိမ်းချမ်းရေး သဘောတူ လက်မှတ်ရေးထိုးခြင်း မြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ကွီတို၊ ဇန်ဝါရီ ၁၄ ရက် (ဆင်ဟွာ)

ကိုလံဘီယာ အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသည် အောင်မြင်မှုရှိမည်ဟု မျှော်လင့်ထားကြောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ELN) ပြောက်ကျား အုပ်စုက ဇန်နဝါရီလ ၁၃ ရက်၌ ပြောကြားလိုက်သည်။

“အစိုးရနဲ့ ဆွေးနွေးတဲ့အခါ သတင်းကောင်း ရရှိနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ကိုလံဘီယာ သမ္မတ ဂျန် မန်နျူရယ် ဆန်တို့စ် (Juan Manuel Santos) ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံရန်ရှိသော အစည်းအဝေးအား ဦးတည်ကာ သူပုန်အဖွဲ့က တွစ်တာမှတစ်ဆင့် ရေးသားခဲ့ကြသည်။

ထို့နောက် အဆိုပါ သူပုန်အဖွဲ့၏ တရားဝင် ရေဒီယို အသံလွှင့်ဋ္ဌာန ELN Ranpal မှလည်း အစိုးရ ကိုယ်စားလှယ်များစွာနှင့် ELN ကိုယ်စားလှယ်များအကြား ပြုလုပ်မည့် အစည်းအဝေးသည် နောက်လာမည့် အစည်းအဝေးများအတွက် ညှိနှိုင်းရန်အတွက် ဖြစ်ကြောင်း ထုတ်လွှင့်ခဲ့သည်။

လက်ရှိအချိန်တွင် သမ္မတ ဆန်တို့စ်သည် နိုင်ငံအတွင်း အကြီးဆုံး သူပုန်အဖွဲ့ ဖြစ်သည့် ကိုလံဘီယာ လွတ်မြောက်ရေး တပ်မတော်နှင့် ငြိမ်းချမ်းရေး သဘောတူညီမှု လက်မှတ်ရေးထိုးထားပြီး ဆယ်စုနှစ် ငါးခုကြာ ပြည်တွင်းစစ်ကို ရပ်တန့်နိုင်ခဲ့ပြီ ဖြစ်သည်။ (Xinhua)