Connect with us

Latin America

ဘရာဇီး နိုင်ငံ အရှေ့မြောက်ပိုင်းရှိ အကျဉ်းထောင် တစ်ခု ထောင်ဆူမှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၁၀ ဦး သေဆုံး

၂၀၁၇ ခုနှစ်တွင် ဘရာဇီး နိုင်ငံ အကျဉ်းထောင် တစ်ခု ထောင်ဆူမှု ဖြစ်ပွားခဲ့စဉ်(ဆင်ဟွာ)

ဘရာစီးလီယား ၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)

ဘရာဇီး နိုင်ငံ အရှေ့မြောက်ပိုင်း Ceará ပြည်နယ် ရှိ အကျဉ်းထောင် တစ်ခု တွင် ဇန်နဝါရီ ၂၉ ရက်နေ့ နံနက်ပိုင်း အချိန်၌ ထောင်ဆူမှု ဖြစ်ပွား ခဲ့ရာ လက်ရှိချိန်တွင် လူပေါင်း အနည်းဆုံး ၁၀ ဦး သေဆုံး ခဲ့ကြောင်း ပြည်နယ် အကျဉ်း ဦးစီးဌာန ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

အကျဉ်း ဦးစီးဌာန ၏ ထုတ်ပြန်ချက်အရ အခင်းဖြစ်ပွား ခဲ့သည့် အကျဉ်းထောင် သည် Ceará ပြည်နယ် မြို့တော် Fortaleza အနောက်ဘက် ၁၂၅ ကီလိုမီတာ အကွာအဝေး တွင် တည်ရှိပြီး အမိန့်မချမှတ်ရသေးသည့် အကျဉ်းသား များကို ဖမ်းဆီးထားသည့် အကျဉ်းထောင် တစ်ခု ဖြစ်ကာ အကျဉ်းသား ၁၁၃ ဦး ကို ချုပ်နှောင် ထားကြောင်း သိရှိရသည်။

ထောင်ဆူမှု ဖြစ်ပွား ခဲ့သည့် အဓိက အကြောင်းရင်း မှာ ထောင်အတွင်းရှိ အကျဉ်းသား အချင်းချင်း တိုက်ခိုက်မှု ဖြစ်ပွားရာ မှ စတင်ခဲ့ခြင်းဖြစ်ကြောင်း ၊ ထောင်ဆူမှုကြောင့် အကျဉ်းထောင် အတွင်းရှိ ပစ္စည်းများ ပျက်စီး ခဲ့ရပြီး အကျဉ်းသား များ အချင်းချင်း ပစ်ခတ်မှု လည်း ဖြစ်ပွား ခဲ့ကြောင်း ၊ အကျဉ်းထောင် ဝန်ထမ်း များက လက်နက်ကိုင် ရဲတပ်ဖွဲ့အား ကူညီထောက်ပံ့မှု ပေးရန် တောင်းဆိုခဲ့ကြောင်း သိရှိရသည်။

ဘရာဇီး နိုင်ငံ သတင်း မီဒီယာ များ၏ ဖော်ပြချက်အရ ဇန်နဝါရီ ၂၉ နံနက်ပိုင်း အချိန်တွင် ယင်းပြည်နယ် အတွင်းရှိ အခြားအကျဉ်းထောင် တစ်ခုတွင်လည်း အကျဉ်းသား ထွက်ပြေးမှု ဖြစ်ပွားခဲ့ရာ အကျဉ်းသား ၁၀ ဦး က နံရံကို တူး၍ ထွက်ပြေးသွား ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.