Connect with us

Latin America

တရုတ်နိုင်ငံ နှင့် ဗင်နီဇွဲလားနိုင်ငံ တို့သည် နယ်ပယ်အသီးသီးတွင် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် ကတိပြု

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ (ယာ)နှင့် ဗင်နီဇွဲလားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Jorge Arreaza (ဝဲ)တို့ ဇန်နဝါရီ ၂၂ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ဆန်တီယာဂို၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နှင့် ဗင်နီဇွဲလားနိုင်ငံတို့သည် ၎င်းတို့၏ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး နက်ရှိုင်းလာစေရန် ဆန္ဒရှိကြောင်း နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများက ဇန်နဝါရီ ၂၂ရက်တွင် ဆန်တီယာဂိုမြို့ ၌တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် ဗင်နီဇွဲလားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Jorge Arreaza တို့သည် ချီလီနိုင်ငံ မြို့တော် ဆန်တီယာဂိုမြို့တွင် ကျင်းပသော တရုတ်နိုင်ငံ နှင့် လက်တင်အမေရိက နှင့် ကာရေဗီယန်နိုင်ငံများ အသိုင်းအဝိုင်း (CELAC) ဖိုရမ်၏ မူဘောင်အောက်ရှိ ဒုတိယအကြိမ်မြောက် ဝန်ကြီးများ အစည်းအဝေး အပြီး ဆက်စပ်အစည်းအဝေးတစ်ခုအဖြစ် တွေ့ဆုံခဲ့ကြကြောင်း သိရသည်။

ဝမ်ရိက ဗင်နီဇွဲလားနိုင်ငံသည် အရေးပါသော လက်တင်အမေရိကနိုင်ငံ တစ်နိုင်ငံ ဖြစ်၍ ၎င်း၏ တည်ငြိမ်သော ဖွံ့ဖြိုးတိုးတက်မှုသည် လက်တင်အမေရိက၏ အလုံးစုံသော အကျိုးစီးပွားများ နှင့် ညီမျှကြောင်း ပြောကြားခဲ့သည်။

၎င်းက ဗင်နီဇွဲလားနိုင်ငံသည် ၎င်း၏ အချုပ်အခြာအာဏာအား ထိန်းသိမ်းစောင့်ရှောက်ရန် တရားဥပဒေနည်းလမ်းကျကျ ဖြေရှင်းမှု နှင့် ပြည်တွင်းအရေးကိစ္စများကို နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ ဆွေးနွေးညှိနှိုင်းမှုများကို တရုတ်နိုင်ငံက အမြဲတမ်းထောက်ခံပါကြောင်း Arreaza အား ပြောကြားခဲ့သည်။

ဆက်လက်၍ ဝမ်ရိ က ဗင်နီဇွဲလားနိုင်ငံ နှင့် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုနက်ရှိုင်းလာစေရန် ဆန္ဒရှိပါကြောင်း ပြောကြားခဲ့သည်။

Arreaza က တရုတ်နိုင်ငံ၏ ထောက်ပံ့ကူညီမှုများ ကို ဗင်နီဇွဲလားနိုင်ငံအနေဖြင့် ကျေးဇူးတင်ရှိပါကြောင်း နှင့် အခြားနိုင်ငံအရေးတွင် ဝင်ရောက်စွတ်ဖက်မှုမရှိသည့် တရုတ်နိုင်ငံ၏ မူဝါဒအား အထူးချီးကျူးပါကြောင်း ပြောကြားခဲ့သည်။

၎င်းက ဗင်နီဇွဲလားနိုင်ငံသည် ပြည်တွင်းအရေးကိစ္စများကို ကိုယ်ပိုင်နည်းလမ်းဖြင့် ဖြေရှင်းရန် ရှာဖွေကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ဗင်နီဇွဲလားနိုင်ငံသည် တရုတ်နိုင်ငံနှင့် နယ်ပယ်အသီးသီးတွင် win-win ရလဒ်များရရှိရန်နှင့် ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းစွာဆောင်ရွက်ရန် အသင့်ရှိနေကြောင်းပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.