Connect with us

Latin America

ဗင်နီဇွဲလား နှင့် ကိုလံဘီယာ နှစ်နိုင်ငံနယ်စပ်ဂိတ်ကိုဖြတ်ကျော်၍ ကားအစိတ်အပိုင်းတင်သွင်းခွင့်ပြု

ဗင်နီဇွဲလား နှင့် ကိုလံဘီယာ နှစ်နိုင်ငံနယ်စပ်ဂိတ်အားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ကာရာကပ်စ် ၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ)

ဗင်နီဇွဲလား နှင့် ကိုလံဘီယာ အစိုးရတာဝန်ရှိသူများသည် နှစ်ဖက်ပြည်သူများအား နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတဆင့် တာယာနှင့်ကားအစိတ်အပိုင်းများကိုလည်း တင်သွင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သြဂုတ်လ ၁၉ ရက်တွင် ပြောကြားသည်။

ပြီးခဲ့သောရက်သတ္တပတ်က ဗင်နီဇွဲလားနိုင်ငံ သမ္မတ Nicolas Maduro နှင့် ကိုလံဘီယာနိုင်ငံသမ္မတ Juan Manuel Santos တို့နှစ်ဦး၏ ဆွေးနွေးမှုရလဒ်အရ တစ်နှစ်နီးပါးပိတ်ထားခဲ့သည့် နှစ်နိုင်ငံနယ်စပ်ဂိတ်များကို ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သွားရန် သဘောတူညီခဲ့ကြသည်။
အဆိုပါ ကနဦးသဘောတူညီချက်များအရ အစားအစာ၊ အဝတ်အထည် နှင့် ဆေးဝါးများကို နယ်စပ်ဖြတ်ကျော်၍ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း ၊ ဗင်နီဇွဲလားနိုင်ငံ Tachira ပြည်နယ်အုပ်ချုပ်ရေးမှူးJose Vielma Mora က ကားတာယာအပါအဝင် ၊ ကားအစိတ်အပိုင်းများကိုပါ ဖြည့်စွက် တင်သွင်းခွင့်ပြုရန် ကိုလံဘီယာနိုင်ငံသို့တောင်းဆိုခဲ့ကြောင်း သိရသည်။
ကိုလံဘီယာနိုင်ငံခြားရေးဝန်ကြီးဌာနက တောင်းဆိုချက်များကို လက်ခံကြောင်း နှင့် အမြန်ဆုံးစတင်သွားမည်ဖြစ်ကြောင်း ၊ ဗင်နီဇွဲလားနိုင်ငံသားများသည် ၎င်းတို့မော်တော်ကားများအတွက်လိုအပ်သည့် ကားအစိတ်အပိုင်းတစ်ခု (သို့မဟုတ်) တာယာလေးလုံးကို သယ်ဆောင်ခွင့်ပြုမည်ဖြစ်ကြောင်း သြဂုတ်လ ၁၈ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
“ ဈေးဝယ်ထားတဲ့ ငွေရှင်းဖြတ်ပိုင်းစာရွက် ၊ နိုင်ငံသားကတ် ၊ လူဝင်မှုကြီးကြပ်ရေးကတ် စတာတွေကို ပြဖို့လိုအပ်တဲ့ လူဝင်မှုကြီးကြပ်ရေး စည်းမျဉ်းစည်းကမ်းတွေကို လူတိုင်းက လိုက်နာဆောင်ရွက်ရပါမယ်” ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ကိုလံဘီယာနိုင်ငံအတွင်းလှုပ်ရှားနေသည့် လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုက ဗင်နီဇွဲလားစစ်သားများအား တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲမှုချက်များထွက်လာပြီးနောက်ပိုင်းတွင် နှစ်နိုင်ငံနယ်စပ်ဂိတ်များကို ကလာရှည်ပိတ်ပစ်ထားခဲ့ရာမှ ၂ဝ၁၆ ခုနှစ် သြဂုတ်လ ၁၃ ရက်တွင် ခြေလျင်ဖြင့် ဖြတ်သန်းသွားလာခြင်းကို ပြန်လည်ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။
နှစ်နိုင်ငံမှ ကျန်းမာရေး ၊ စီးပွားရေး နှင့် ပို့ဆောင်ရေးဝန်ကြီးများသည် သြဂုတ်လ ၁၉ ရက်တွင် ကာရာကပ်စ်မြို့၌တွေ့ဆုံပြီး ပူးတွဲအစည်းအဝေးကျင်းပသွားရန် ရှိကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.