Connect with us

Latin America

အိုလံပစ်ပြိုင်ပွဲသုံးကြိမ်ဆက် ရွှေတံဆိပ်သုံးဆုရှင်ဖြစ်လာရန်ရေပန်းစားနေသည့် အူစိန်ဘော့

အိုလံပစ်မီတာ ၂ဝဝ အပြေးပြိုင်ပွဲ ပန်းဝင်အပြီး အောင်ပွဲခံနေသော ဘော့အားတွေ့ရစဉ်(ဆင်ဟွာ)

ရီယိုဒီဂျနေရို ၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ)

ဂျမေကာနိုင်ငံသား အူစိန်ဘော့သည် သြဂုတ်လ ၁၈ ရက်ယှဉ်ပြိုင်ခဲ့သည့် အိုလံပစ်ပြိုင်ပွဲ မီတာ ၂ဝဝ ဗိုလ်လုပွဲတွင် ထိပ်ဆုံးမှာ ပန်းဝင်ခဲ့ပြီးနောက် “ အိုလံပစ်ပြိုင်ပွဲသုံးကြိမ်ဆက် ရွှေတံဆိပ်သုံးဆုရှင်” အဖြစ် သမိုင်းမှတ်တိုင်သစ်ရေးထိုးနိုင်သူဖြစ်ရန် အထူးရေပန်းစားနေပြီဖြစ်သည်။

အသက် ၂၉ နှစ်အရွယ်ရှိ အူစိန်ဘော့သည် မီတာ ၂ဝဝ ပြိုင်ပွဲတွင် ၁၉.၇၈ စက္ကန့်ဖြင့် ဗိုလ်စွဲခဲ့ပြီး ၎င်းအတွက် အိုလစ်ပစ်ပြိုင်ပွဲတစ်လျှောက် ၈ ခုမြောက်ရွှေတံဆိဆုကို ဆွတ်ခူးနိုင်ခဲ့သည်။ အဆိုပါပြိုင်ပွဲတွင် ကနေဒါနိုင်ငံသား Andre De Grasse က အူစိန်ဘော့နောက် ဝ.၂၄ စက္ကန့်နောက်ကျ၍ ဒုတိယနေရာ ဖြင့် ငွေတံဆိပ် ဆွတ်ခူးခဲ့သည်။ တတိယကြေးတံဆိပ်ကို ပြင်သစ်နိုင်ငံသား Christophe Lemaitre က ၂ဝ.၁၂ စက္ကန့်ဖြင့် ပန်းဝင်ခဲ့ကြောင်းသိရသည်

အိုလံပစ်မီတာ ၂ဝဝ အပြေးပြိုင်ပွဲ ပန်းဝင်အပြီး အောင်ပွဲခံနေသော ဘော့အားတွေ့ရစဉ်(ဆင်ဟွာ)

အိုလံပစ်မီတာ ၂ဝဝ အပြေးပြိုင်ပွဲ ပန်းဝင်အပြီး အောင်ပွဲခံနေသော ဘော့အားတွေ့ရစဉ်(ဆင်ဟွာ)

ဗြိတိန်နိုင်ငံသား Adam Gemili သည် ၂ဝ.၁၂ စက္ကန့်ဖြင့် အလားတူ ပန်းဝင်ခဲ့သော်လည်း Christophe နောက် တစ်စက္ကန့်၏ တစ်ထောင်ပုံတစ်ပုံ နောက်ကျခဲ့သဖြင့် စတုတ္ထနေရာသာ ရရှိခဲ့သည်။ နယ်သာလန် နိုင်ငံသား Churandy Martina သည် ၂ဝ.၁၃ စက္ကန့်ဖြင့် ပဉ္စမနေရာ၌ အသီးသီးပန်းဝင်ခဲ့ကြောင်းသိရသည်။
အူစိန်ဘော့သည် အိုလံပစ် မီတာ ၁ဝဝ ဗိုလ်စွဲပြီး လေးရက်အကြာတွင် နောက်ထပ် ရွှေတံဆိပ်တစ်ခုကို ထပ်မံဆွတ်ခူးလိုက်ခြင်းဖြစ်သည်။ လာမည့် သြဂုတ်လ ၂ဝ ရက်တွင် ဂျမေကာအသင်းနှင့်အတူ ပါဝင်ယှဉ်ပြိုင်ရမည့် မီတာ ၄ဝဝ လက်ဆင့်ကမ်းပြိုင်ပွဲ၌ ထပ်မံဗိုလ်စွဲခဲ့ပါက အူစိန်ဘော့အတွက် အိုလံပစ်ပြိုင်ပွဲ သုံးကြိမ်ဆက် ရွှေတံဆိပ်သုံးဆုရှင်အဖြစ် သမိုင်းမှတ်တိုင်စိုက်ထူနိုင်တော့မည်ဖြစ်ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117