Connect with us

Latin America

အမေရိကန် သမ္မတလောင်း ဟီလာရီနှင့် ဒေါ်နယ် ထရမ့်တို့၏ ပထမဆုံး စကားစစ်ထိုးပွဲ

ဒီမိုကရက်တစ် သမ္မတလောင်း ဟီလာရီ ကလင်တန်နှင့် ရီပက်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ် ထရမ့်တို့ စကားစစ်ထိုးပွဲ မြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ဟမ်းစ်စတိတ်၊ အမေရိကန်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

ဒီမိုကရက်တစ် ပါတီ သမ္မတလောင်း ဟီလာရီ ကလင်တန်နှင့် ရီပက်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ် ထရမ့် တို့သည် ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲအတွက် ပထမဆုံးအကြိမ် စကားစစ်ထိုးပွဲ၌ ကလင်တန်က ထရမ့်အား အခွန်ပြန်တမ်း မထုတ်ပြန်ပေးသူနှင့် လိမ်ညာ ပြောဆိုသူဟု စွပ်စွဲလိုက်ပြီး ကလင်တန်ကိုမူ ထရမ့်က ရှေးရိုး နိုင်ငံရေးသမားဟု အမည်တပ်လိုက်သည်။

“သူဆီမှာ ကွယ်ဝှက်ထားတဲ့အရာတွေ ရှိနေတယ်” ဟု သမ္မတ ရွေးကောက်ပွဲအတွက် မိနစ် ၉၀ ကြာ ပထမဆုံး စကားစစ်ထိုးပွဲအတွင်း ကလင်တန်က ထရမ့်ကို ပြောကြားခဲ့သည်။ ထရမ့်အနေဖြင့် ၎င်း၏ အခွန်ပြန်တမ်းအား ထုတ်ပြန်ရန် စာရင်းစစ်နေဆဲ ဖြစ်ကြောင်း ပြန်လည် ပြောကြားခဲ့သည်။
သမ္မတလောင်းနှစ်ဦး၏ ပထမဆုံးအကြိမ် စကားစစ်ထိုးပွဲကို အမေရိကန်နိုင်ငံ နယူးယောက်မြို့ Hofstra တက္ကသိုလ်၌ စက်တင်ဘာလ ၂၆ ရက် ဒေသစံတော်ချိန် ညပိုင်းတွင် ကျင်းပခဲ့သည်။
ထရမ့်ကလည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ဟီလာရီ လုပ်ကိုင်ခဲ့စဉ်က အငြင်းပွားဖွယ် ဖြစ်ခဲ့သည့် ၎င်း၏ အီးမေးလ် အသုံးပြုနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှု မရှိခဲ့ခြင်းအပေါ် ပြန်လည် တိုက်ခိုက်ရန် ကြိုးစားခဲ့သည်။
ထို့ပြင် အမေရိကန် သမ္မတ ဘားရတ် အိုဘားမားသည် အမေရိကန်နိုင်ငံသား မဟုတ်ကြောင်း ထရမ့်၏ ယခင်က ပြောဆိုချက်အား ကလင်တန်က ရည်ညွှန်းကာ ပြောဆိုလိုက်သည်။ သို့ရာတွင် နောက်ပိုင်း၌ အိုဘားမားသည် အမေရိကန်နိုင်ငံသား ဖြစ်ကြောင်း ထရမ့်က မကြာသေးမီက ထုတ်ဖော် ပြောဆိုခဲ့သည်။
ကလင်တန်က ထရမ့်၏ နိုင်ငံရေး လှုပ်ရှားမှုဟာ လူမျိုးရေးခွဲခြားမှု မူဝါဒ အလိမ်အညာကို အခြေခံထားကြောင်း ပြောကြားခဲ့သည်။
အဆိုပါ စကားစစ်ထိုးပွဲ၌ ကလင်တန်ကို ရှေးရိုး နိုင်ငံရေးသမား တစ်ယောက်ဟု အနည်းဆုံး ၁၂ ကြိမ်ခန့် ထရမ့်က သုံးနှုန်းပြောဆိုခဲ့သည်။
“နိုင်ငံရေးသမားတွေရဲ့ ထုံးစံအတိုင်း အပြောတွေပဲရှိပြီး လုပ်ဆောင်မှု မရှိဘူး၊ အပြောကောင်းပြီး အလုပ် မလုပ်ရင် ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး၊ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ကလင်တန်လိုမျိုး ပြည်သူတွေရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေကြောင့် ကျွန်တော်တို့ နိုင်ငံ ခံစားခဲ့ရပြီးပါပြီ” ဟု ထရမ့်က တိုက်ခိုက် ပြောဆိုခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.