Connect with us

Latin America

ဇီကာဗိုင်းရပ်စ်ကူးစက်ခံထားရသည့် မိခင်များမှ ကျန်းမာသည့် ကလေးငယ် ၆ဦးမွေးဖွား

ဇီကာဗိုင်းရပ်စ်ကူးစက်စေသည့် အေးဒီစ်ခြင် နှိမ်နှင်းရေး လုပ်ငန်းများဆောင်ရွက်နေစဉ် (ဓါတ်ပုံ-အင်တာနက်)

မာနာဂွာ၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

အမေရိကတိုက်အလယ်ပိုင်း၊ နီကာရာဂွာနိုင်ငံ၌ ကိုယ်ဝန်ဆောင်စဉ်အတွင်း ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသည့် မိခင်များမှ ကျန်းမာရေးကောင်းမွန်သည့် ကလေးငယ်ခြောက်ဦးမွေးဖွားနိုင်ခဲ့ကြောင်း နီကာရာဂွာနိုင်ငံ၏ သမ္မတကတော် Rosario Murillo က စက်တင်ဘာ ၂၇ ရက်တွင်ပြောကြားခဲ့သည်။

အဆိုပါ မိခင်ခြောက်ဦးသည် ကိုယ်ဝန်ဆောင်စဉ်အတွင်း ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ထားခံရသော်လည်း ၎င်းတို့၏ ကလေးငယ် ခြောက်ဦးစလုံးသည် ကျန်းမာရေးအခြေအနေ အလွန်ကောင်းမွန်ကြောင်း သမ္မတကတော်က အတည်ပြုခဲ့သည်။

ကိုယ်ဝန်ဆောင်အမျိုးသမီးများတွင် ဇီကာဗိုင်းရပ်စ်ကူးစက်ခံရပါက မွေးဖွားလာသည့် ကလေးငယ်များ၌ ဦးခေါင်းသေးငယ်ခြင်း နှင့် အာရုံကြောချို့ယွင်းမှုများဖြစ်တတ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က မတ် ၃၁ရက်တွင် ထုတ်ပြန်ခဲ့သည့် စစ်ဆေးတွေ့ရှိချက်များအရသိရသည်။

နီကာရာဂွာနိုင်ငံ ကျန်းမာရေးဝန်ကြီးဋ္ဌာန က စက်တင်ဘာ ၂၆ရက်မတိုင်ခင်အထိ နီကာရာဂွာနိုင်ငံတွင် ဇီကာဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၁,၉၄၁ဦးရှိကြောင်းမှတ်တမ်းတင်ထားပြီး ၎င်းတို့အနက် ၁,၀၄၁ဦးမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးများဖြစ်ကြောင်း ပြောကြားခဲ့သည်။

နီကာရာဂွာနိုင်ငံ ကျန်းမာရေးအာဏာပိုင်များက နိုင်ငံအတွင်း ဇီကာဗိုင်းရပ်စ်၊ သွေးလွန်တုပ်ကွေး စသည့် အေးဒီစ်ခြင်ကြောင့် ဖြစ်ပွားတတ်သည့် ရောဂါများအား တိုက်ဖျက်ရန် ကျန်းမာရေးအရေးပေါ်ကြေညာချက် ထုတ်ပြန်ခဲ့သည့် မေလမှစတင်၍ ကျန်းမာရေးသတိပေးချက်များအား မြှင့်တင်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.