Connect with us

Latin America

ယူရို ၂ဝ၁၆ ဗိုလ်စွဲခဲ့သော လူစာရင်းအချို့မပါဘဲ အိုလံပစ်ပွဲ ဝင်ပြိုင်မည့် ပေါ်တူဂီအသင်း

ယူရို ၂ဝ၁၆ ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သော ပေါ်တူဂီ လက်ရွေးစင်အသင်းအားတွေ့ရစဉ် (ဆင်ဟွာ)

ရီယိုဒီဂျနေရို ၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

ယူရို ၂ဝ၁၆ တွင် ဗိုလ်စွဲခဲ့သော ပေါ်တူဂီ အသင်းသည် ၎င်းတို့ဗိုလ်စွဲခဲ့သော အသင်းလူစာရင်းမှ ကစားသမား ၆ ဦးကို ချန်လှပ်ပြီး အိုလံပစ်ပြိုင်ပွဲကို သွားရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ဇူလိုင်လ ၁၄ ရက်တွင် ထုတ်ဖော် ပြောကြားလိုက်သည်။

အဆိုပါ ချန်လှပ်ခံရသည့် ကစားသမား ၆ ဦးမှာ ရီနာတိုဆန်းချက်ဒ် ၊ ဂွာရီရို ၊ အန်ဒရီဂိုမက်စ် ၊ ဂျိုအို မာရီယို ၊ ဝီလီယံ ကာဗယ်ဟို နှင့် ရာဖေးဆေးလ်ဗား တို့ဖြစ်ကြောင်း သိရသည်။ အိုလံပစ်ပွဲ သွားရောက်ယှဉ်ပြိုင်မည့် ပေါ်တူဂီ လက်ရွေးစင် အသင်း လူစာရင်းအသစ်ကို ယူရို ၂ဝ၁၆ ဗိုလ်စွဲခဲ့ပြီးနောက် လေးရက် အကြာတွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
အိုလံပစ်ပြိုင်ပွဲဝင် ကစားမည့် ပေါ်တီဂူနည်းပြ ရာအူးဂျော်ဂီ၏ အပြီးသတ် လူစာရင်း ၁၇ ဦးတွင် ၂ဝ၁၆ ခုနှစ်က ကျင်းပခဲ့သော အသက် ၂၁ နှစ်အောက် ယူရို ပြိုင်ပွဲဝင် ကစားသမား ၇ ဦး ပါဝင်ကြောင်း သိရသည်။ ၎င်းတို့ထဲတွင် မန်ချက်စတာ ယူနိုက်တက် ကစားသမား Joel Pereira နှင့် လီဗာပူးကစားသမား Tiago Ilori တို့ ပါဝင်ကြောင်း သိရသည်။
အသက် ၂၃ နှစ်အထက် ကစားသမားသုံးဦးတွင် ပေါ်တိုအသင်းမှ Sergio Oliveira ၊ CD Nacional အသင်းမှ Salvador Agra နှင့် စပို့တင်းလင်းစဘွန်းအသင်းမှ Andre Martins တို့ပါဝင်ကြောင်းသိရသည်။ ပေါ်တူဂီ အသင်းသည် အုပ်စုတွင်း ပထမပွဲစဉ်အဖြစ် အာဂျင်တီးနား အသင်းနှင့် သြဂုတ် ၄ ရက်တွင် ယှဉ်ပြိုင်ရမည် ဖြစ်သည်။
အိုလံပစ်ပြိုင်ပွဲဝင် ပေါ်တူဂီ လက်ရွေးစင် အသင်းတွင် (ဂိုး) – ဘရူနိုဗာရီလာ (Vitoria FC) ၊ ဂျိုးလ်ပါရီရာ (မန်ယူ) ။ (နောက်တန်း) – အက်ဒ်ဂါလီ (ဗီလာရီယဲလ်) ၊ ရီကာဒို (စပို့တင်း) ၊ တီရေဂို (လီဗာပူး) ၊ တိုဗီးယက်စ်ဖီဂူရီဒို (CD Nacional) ။ (အလယ်တန်း) အက်ဒရီမာတင်စ်(စပို့တင်း) ၊ ဘရူနိုဖာနန်ဒက်စ် (အူဒီနိစ်း) ၊ ဖေဘီယို (Belenenses) ၊ ဖရန်စစ္စကိုရာမိုစ့် (GD Chaves)၊ အိုလီဗီရာရာ(ပေါ်တို) ၊ တီရေဂိုဆေးလ်ဗား(CD Feirense) ၊ သောမတ်စ်ပိုဒေါ့စကီး (ပေါ်တို) ။ (ရှေ့တန်း)- ကားလိုစ့်မိန်း (စပို့တင်း) ၊ ဂွန်ကာလို (ပေါ်တို) ၊ နူနိုဆန်းတိုစ့် (Vitoria FC) နှင့် ဆဲဗာဒိုအက်ရာ (CD Nacional) တို့ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.