Connect with us

Latin America

ကျန်းမာရေးအကြောင်းပြချက်ဖြင့် ဘရာဇီးနိုင်ငံ ခြားရေးဝန်ကြီးနုတ်ထွက်

ရာထူးမှ နုတ်ထွက်သွားသော ဘရာဇီးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးအား တွေ့ ရစဉ် ( ဓာတ်ပုံ-အင်တာနက်)

ရီယိုဒီဂျနေရို ၊ ဖေဖော်ဝါရီ ၂၃ (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Jose Serra သည် ကျန်းမာရေးအခြေအနေ မကောင်းမွန်သဖြင့် ဖေဖော်ဝါရီလ ၂၂ ရက်တွင် ရာထူးမှ နုတ်ထွက်သွားကြောင်း သိရသည်။

ဘရာဇီးနိုင်ငံ သမ္မတ Michel Temer ထံ ပေးပို့သော နုတ်ထွက်စာတွင် Serra က ကျန်းမာရေးအခြေအနေကြောင့် နုတ်ထွက်ရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ၎င်း၏ အမှန်တကယ် ကျန်းမာရေးအခြေအနေကို အသေးစိတ် မသိရှိရသေးပေ။ ၎င်းသည် ၂ဝ၁၆ ခုနှစ်နှောင်းပိုင်းက နောက်ကျောခွဲစိတ်ကုသမှု ခံထားရကြောင်း သိရသည်။

ယခင်ဘရာဇီးနိုင်ငံသမ္မတ Dilma Rousseff အားစွပ်စွဲပြစ်တင်မှု ပြုလုပ်ပြီးနောက် Temer ယာယီသမ္မတဖြစ်လာချိန်တွင် Serra သည် ဘရာဇီးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ၂ဝ၁၆ ခုနှစ် မေလ၌ ခန့်အပ် တာဝန်ပေးခြင်းခံရသည်။ Serra ၏ရာထူးသက်တမ်းမှာ ၁၁ လခန့်သာကြာမြင့်ကြောင်း သိရသည်။

ထိုသို့နိုင်ငံခြားရေးဝန်ကြီးအဖြစ်မှ နုတ်ထွက်လိုက်သဖြင့် Serra သည် ၂ဝ၂၂ ခုနှစ်အထိ တာဝန် ထမ်းဆောင်ရမည့် လွှတ်တော်ကိုယ်စားလှယ် တတိယသက်တမ်း အဖြစ်မှလည်း နုတ်ထွက်ရတော့မည်ဖြစ်သည်။

Serra သည် ၎င်း၏ မဲဆန္ဒနယ်ဖြစ်သော ဆာအိုပေါ်လိုပြည်နယ်သို့တစ်ကျော့ပြန် ဝင်ရောက်အရွေးခံရန် မျှော်လင့်ရသည်။ ၎င်းပြည်နယ်သည် Serra အတွက် နိုင်ငံရေးသမားဘဝကို အများဆုံး ကုန်ဆုံးစေခဲ့သော နေရာတစ်ခုဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.