Connect with us

Latin America

FARC သူပုန်အဖွဲ့နှင့် ငြိမ်းချမ်းရေးကိစ္စကို လက်မခံကြောင်း ကိုလံဘီယာပြည်သူများ ဆန္ဒမဲပေး

ကိုလံဘီယာအစိုးရ နှင့် FARC သူပုန်များအကြား အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးစဉ်(ဆင်ဟွာ)

ဘိုဂိုတာ ၊ အောက်တိုဘာ ၃ ရက်(ဆင်ဟွာ)

ကိုလံဘီယာအစိုးရ နှင့် ကိုလံဘီယာတော်လှန်းရေးတပ်ဖွဲ့(FARC) တို့အကြား ငြိမ်းချမ်းရေး ကိစ္စကို လက်မခံနိုင်ကြောင်း အောက်တိုဘာလ ၂ ရက်က razor-thin အဖွဲ့မှ ဦးဆောင်ပြုလုပ်သော လူထုဆန္ဒခံယူပွဲတွင် ကိုလံဘီယာပြည်သူများက ကန့်ကွက်မဲပေးခဲ့ကြသည်။

ဆန္ဒမဲ ၉၉.၆၉ ရာခိုင်နှုန်း ရေတွက်ပြီး ချိန်တွင် ငြိမ်းချမ်းရေးကိစ္စကို ထောက်ခံသည့် Yes မဲ ၄၉.၇၆ ရာခိုင်နှုန်း နှင့် ကန့်ကွက်သည့် No မဲ ၅ဝ.၂၃ ရာခိုင်နှုန်းအသီးသီး ရရှိထားကြောင်း သိရသည်။

အဆိုပါ မဲရလဒ်သည် ကိုလံဘီယာနိုင်ငံသမ္မတ Juan Manuel Santos နှင့် လေးနှစ်ကျော်ကြာ အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးခဲ့ရသော FARC အဖွ ဲ့အတွက် ကြီးမားသော ရိုက်ခတ်မှုတစ်ခု ဖြစ်လာနိုင်သည်။

FARC သူပုန်အဖွဲ့က လက်နက်စွန့်ရန် ဆန္ဒပေါ်ပေါက်ခဲ့သော အချိန်ကတည်းက ကိုလံဘီယာငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အနာဂတ်မှာ မသေချာမရေရာမှုများဖြင့် ကြုံတွေ့နေရသည်။ နိုင်ငံအနှံ့ရောက်ရှိနေသော FARC အဖွဲ့သည် အထူးဇုန်တစ်ခုတွင် စုစည်း၍ တရားဝင်နိုင်ငံရေးပါတီတစ်ခုအဖြစ် အသွင်းပြောင်းကာ ကိုလံဘီယာပြည်သူများလက်ခံသော နိုင်ငံရေးပါတီတစ်ရပ်အဖြစ် ရပ်တည်သွားရန် ဆန္ဒရှိနေကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.