Connect with us

Africa & Middle East

ပျောက်ဆုံးနေသော ရဟတ်ယာဉ် အပျက်အစီးများကို ရုရှားကယ်ဆယ်ရေးသမားများ ရှာဖွေတွေ့ရှိ၊ အသက်ရှင်ကျန်ရစ်သူမရှိဟု ကနဦးကောက်ချက်ချထား

ဗလာဒီဗော့စ်တော့ခ်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)

ကယ်ဆယ်ရေးသမားများသည် ရုရှားနိုင်ငံ Far East ဒေသရှိ Kamchatka ကျွန်းဆွယ်တွင် လွန်ခဲ့သောတစ်ရက်က ပျောက်ဆုံးသွားသော ရဟတ်ယာဉ် အပျက်အစီးများကို စက်တင်ဘာ ၁ ရက်တွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ယာဉ်ပေါ်ပါ လူ ၂၂ ဦးစလုံး အသက်ရှင်ကျန်ရစ်သူမရှိဟု ကနဦးကောက်ချက်ချထားကြောင်း ရုရှားနိုင်ငံ အရေးပေါ်အခြေအနေဆိုင်ရာ ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။
ကယ်ဆယ်ရေးသမားများသည် မီတာ ၉၀၀ ခန့်မြင့်သော တောင်ကုန်းတစ်ခုပေါ်တွင် ရဟတ်ယာဉ် အပျက်အစီးများကို တွေ့ရှိခဲ့ကြောင်း သတင်းများအရ သိရသည်။ လေယာဉ်အမှုထမ်းများ၏ မှားယွင်းသောလုပ်ဆောင်မှုများကြောင့် ရဟတ်ယာဉ် ပျက်ကျရခြင်းဖြစ်ကြောင်း ကနဦးစုံစမ်းစစ်ဆေးမှုများအရ သိရသည်။ လက်ရှိတွင် ကယ်ဆယ်ရေးသမားများသည် အခင်းဖြစ်ရာနေရာသို့ ရောက်ရှိပြီး သေဆုံးသူ ၁၇ ဦး၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့သည်။
မြင်နိုင်စွမ်းအားနည်းမှုကြောင့် ရဟတ်ယာဉ်နှင့် တောင်တန်း တိုက်မိ၍ ပျက်ကျခဲ့ခြင်းဖြစ်သည်ဟု ဒေသခံကယ်ဆယ်ရေးသမား၏ပြောကြားချက်ကို ကိုးကားပြီး ရုရှားသတင်းဌာနက စက်တင်ဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။ လေယာဉ်ပေါ်ရှိ လူအားလုံး သေဆုံးကြောင်း ကနဦးကောက်ချက်ချထားခဲ့သည်။
အဆိုပါ Mi-8 ရဟတ်ယာဉ်သည် သြဂုတ် ၃၁ ရက် ညနေပိုင်းက Kamchatka ကျွန်းဆွယ်တွင် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ ရဟတ်ယာဉ်ပေါ်တွင် လေယာဉ်အမှုထမ်း ၃ ဦးနှင့် ခရီးသွား ၁၉ ဦး အပါအဝင် လူ ၂၂ ဦး လိုက်ပါခဲ့ကြောင်း သိရသည်။ (Xinhua)
……………………….
(Chinese Version)
俄救援人员发现失踪直升机残骸 初步判断无人生还
新华社符拉迪沃斯托克9月1日电(记者陈畅)据俄罗斯紧急情况部消息,救援人员9月1日在远东堪察加半岛发现前一天失踪的直升机残骸,初步判断机上22人无人生还。
消息说,救援人员在一座约900米高的山坡上发现了直升机残骸。初步调查显示,机组人员操作失误导致直升机坠毁。目前救援人员已抵达现场并发现17具遇难者遗体。
今日俄罗斯通讯社援引当地救援人员的话说,由于能见度低,直升机与山体发生碰撞后坠毁。初步判断,机上人员全部死亡。
这架米-8直升机8月31日下午在堪察加半岛失踪。直升机上有22人,包括3名机组人员和19名游客。(完)