Connect with us

Asia

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ရေကြီးရေလျှံမှုဖြစ်ပွား

နယူးဒေလီ၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)

ပုံစာ-အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ မြေနိမ့်ပိုင်းဒေသတွင် နေထိုင်သူများက နို့ဗူးနှင့် အစားအစာများ ရယူရန် စောင့်ဆိုင်းနေသည်ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၃ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ပုံစာ-အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၊ ရေကြီးရေလျှံနေသည့်လမ်းတစ်ခုပေါ်တွင် ခက်ခက်ခဲခဲ သွားလာနေကြသူများကို ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီ၌ နွေမုတ်သုံရာသီအတွင်း ရက်အတန်ကြာ မိုးသည်းထန်စွာရွာသွန်းပြီးနောက် နေရာအနှံ့အပြားရှိ ရေနစ်မြုပ်နေသည့် နေရာများတွင် ဒေသခံများသည် ယာဉ်ကြောပိတ်ဆို့မှုနှင့် သွားရေး လာရေးခက်ခဲမှုများ ကြုံတွေ့ခဲ့ကြကြောင်း သိရသည်။

မြို့တော်နယူးဒေလီ ကိုဖြတ်သန်းစီးဆင်းသော ယမုံနာမြစ်၏ ရေမျက်နှာပြင်သည် စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေပြီး ၄၅ နှစ်တာ စံချိန်သစ်တင်ခဲ့ကာ၊ အထူးသဖြင့် မြို့၏မြေနိမ့်ပိုင်းဒေသများတွင် ရေကြီးမည်ကို စိုးရိမ်လျက်ရှိကြောင်း သိရသည်။ (Xinhua)

#အိန္ဒိယ #နယူးဒေလီ #ရေကြီးရေလျှံမှု #India #NewDelhi #Flooded

………………………………….

(English Version)

India’s New Delhi flooded after torrential rains
NEW DELHI, July 16 (Xinhua) — After days of torrential rain during the summer monsoon season, locals endured traffic mayhem and had a hard time commuting in waterlogged areas in multiple parts of India’s national capital New Delhi.

The water level of Yamuna, a river that passes through the city, remains above the danger mark and has broken the record of 45 years, posing fear of floods, particularly in low-lying areas of the city.
(1) (3)People wade on a flooded road in New Delhi, India on July 13, 2023. (Str/Xinhua)
(2)People from low-lying area wait to collect milk packets and food in New Delhi, India on July 13, 2023.