Connect with us

Africa & Middle East

ဂါဇာအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆွေးနွေးမှုများ ပြန်လည်စတင်ရန် အီဂျစ်၊ အစ္စရေး ကိုယ်စားလှယ်အဖွဲ့များ တွေ့ဆုံ

ဂါဇာကမ်းမြောင်ဒေသ အလယ်ပိုင်းရှိ Al-Maghazi ဒုက္ခသည်စခန်းတွင် အစ္စရေးလေကြောင်းတိုက်ခိုက်မှုပြီးနောက် ပျက်စီးသွား‌သော အဆောက်အအုံ၌ လူအများစုဝေးနေကြသည်ကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)
အီဂျစ်နိုင်ငံ အဆင့်မြင့်လုံခြုံရေးနှင့် စစ်ဘက်ရေးရာအဖွဲ့သည် အစ္စရေးနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံကာ ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှု ပြန်လည်လုပ်ဆောင်ရန် တွန်းအားပေးခဲ့ကြောင်း အီဂျစ်နိုင်ငံပိုင် Al-Qahera News TV ချန်နယ်က သတင်းဖော်ပြခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲကို အစ္စရေး မော့ဆတ် ထောက်လှမ်းရေးအေဂျင်စီ အကြီးအကဲနှင့် ရှင်းဘတ်လုံခြုံရေးအဖွဲ့ ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ခဲ့ကြကြောင်း အမည်မဖော်လိုသူ လုံခြုံရေးတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သော်လည်း အစည်းအဝေးအခြေအနေ အသေးစိတ်ကိုမူ ပြောကြားခဲ့ခြင်းမရှိပေ။ ထိုအစည်းအဝေးမှာ အောက်တိုဘာ ၂၄ ရက် ညနေပိုင်းမှ အောက်တိုဘာ ၂၅ ရက် အစောပိုင်းအထိ ပြုလုပ်ခဲ့သည်ဟု အမည်မဖော်လိုသူ သတင်းရင်းမြစ်က ဆင်ဟွာကို ပြောခဲ့သည်။
ယင်းအစည်းအဝေးသည် အပစ်အခတ်ရပ်စဲရေးရရှိရန် ဆွေးနွေးညှိနှိုင်းမှုများ ပြန်လည်စတင်ရေးအတွက် အီဂျစ်နိုင်ငံ၏ ကြီးမားသောကြိုးပမ်းအားထုတ်မှုများ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ၎င်းသတင်းရင်းမြစ်က ဖြည့်စွက်ပြောခဲ့သည်။
ထို့ပြင် အီဂျစ်နိုင်ငံက ဂါဇာမြောက်ပိုင်းတွင် လက်ရှိစစ်ဆင်ရေးများ ပယ်ဖျက်လိုက်ကြောင်း ၎င်းက အတည်ပြုပြောကြားခဲ့သလို ဂါဇာဒေသသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီဝင်ရောက်မှုအပေါ် အစ္စရေးဘက်က ဆက်လက်ဟန့်တားနေခြင်းကိုလည်း အီဂျစ်က သတိပေးခဲ့ကြောင်း သိရသည်။
အီဂျစ် အဆင့်မြင့်လုံခြုံရေးတာဝန်ရှိသူများနှင့် ဟားမက်စ် ခေါင်းဆောင်များသည် ဂါဇာကမ်းမြောင်ဒေသ လက်ရှိအခြေအနေနှင့် ဂါဇာတွင် ငြိမ်းချမ်းမှုရရှိရေးအတွက် အတားအဆီးများကို ကျော်လွှားနိုင်မည့် ကိစ္စရပ်များဆွေးနွေးရန် အောက်တိုဘာ ၂၄ ရက် အစောပိုင်းက ကိုင်ရိုမြို့တွင် တွေ့ဆုံခဲ့ကြသည်။
လွန်ခဲ့သောလများအတွင်း ဒိုဟာမြို့နှင့် ကိုင်ရိုမြို့တို့တွင် ဂါဇာဒေသအပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးမှုပေါင်းများစွာ ပြုလုပ်ခဲ့သည်။ သို့သော်ငြားလည်း ပဋိပက္ခအဆုံးသတ်ရန် သဘောတူညီမှု ရလဒ်ထွက်ပေါ်ခဲ့ခြင်းမရှိဘဲ အချိန်တစ်နှစ်ကျော်သာ ကြာမြင့်သွားခဲ့သည်။ (Xinhua)
……………………………………..
(English Version)
Egyptian, Israeli delegations meet to revive Gaza ceasefire negotiations: media
CAIRO, Oct. 25 (Xinhua) — High-ranking Egyptian security and military team met with a delegation from Israel to press for restoring talks on a ceasefire in the Gaza Strip, Egypt’s Al-Qahera News TV channel reported on Friday.
Citing an anonymous security official, the report said the chief of Israel’s Mossad intelligence agency, and a delegation of Shin Bet security service attended the meeting, without detailing the time of the meeting. But an anonymous source told Xinhua that it started on Thursday evening and lasted until the early hours of Friday.
The meeting is part of the intensive Egyptian efforts to revive negotiations to reach a ceasefire, and achieve stability in the region, the source added.
Egypt confirmed rejection of the ongoing military operation in the north of Gaza, he said, adding “Egypt warned against the Israeli continuation of hindering the access of the humanitarian aid to the enclave.”
Earlier on Thursday, high-ranking Egyptian security officials met with a delegation of Hamas leaders in Cairo to discuss the current events in the Gaza Strip and the means to overcome the obstacles to achieving calm in the enclave.
Several rounds of talks regarding a ceasefire in Gaza have been held in Doha and Cairo over the past months. However, these efforts have not resulted in an agreement to conclude the conflict that has lasted for more than a year.
Photo: People gather at a destroyed building after an Israeli airstrike in the Al-Maghazi refugee camp, central Gaza Strip, on Oct. 24, 2024. (Photo by Marwan Dawood/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.