Connect with us

North America

ကျူးဘား လေယာဉ်ပျက်ကျပြီးနောက် နည်းပညာ အကူအညီပေးရန် ဘိုးရင်း သဘောတူ

ကျူးဘားနိုင်ငံ Cubana de Aviacion လေကြောင်းလိုင်းမှ လေယာဉ် ပျက်ကျရာတွင် ကယ်ဆယ်ရေးလုပ်သားများ လုပ်ဆောင်နေသည်ကို မေလ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆန်ဖရန်စစ္စကို၊ မေ ၁၉ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ လေယာဉ်ကုမ္ပဏီကြီးဖြစ်သော ဘိုးရင်းကုမ္ပဏီက ကျူးဘားနိုင်ငံတွင် ယနေ့နံနက် အစောပိုင်းက လူပေါင်း ၁၀၀ ကျော်သေဆုံးခဲ့သည့် လေယာဉ်ပျက်ကျမှုအတွက် နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးရန် အသင့်ရှိကြောင်း မေလ ၁၉ ရက်က ကြေညာလိုက်သည်။

“အမေရိကန်နိုင်ငံ ဥပဒေအောက်မှ အမေရိကန် သယ်ယူပို့ဆောင်ရေး ဘေးကင်းလုံခြုံရေးအဖွဲ့၏ လမ်းညွှန်ချက်နှင့် ကျူးဘားအာဏာပိုင်များ၏ ခွင့်ပြုချက်အတိုင်း ကူညီရန် ဘိုးရင်း နည်းပညာအဖွဲ့က အသင့်ရှိပါတယ်” ဟု ကြေညာချက်တွင် ဘိုးရင်းက ပြောကြားခဲ့သည်။

Flight 972 ပေါ်တွင် လိုက်ပါသွားသော မိသားစုများနှင့် မိတ်ဆွေများအတွက် အလွန်ဝမ်းနည်းရပါကြောင်း လည်း ကြေညာချက်တွင် ဖော်ပြထားပြီး အဆိုပါ လေယာဉ်အား Cubana de Aviacion လေကြောင်းလိုင်း ကိုယ်စား Global Aerolineas Damojh က စီမံလုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Cubana de Aviacion လေကြောင်းလိုင်း၏ Boeing 737-200 သည် မေလ ၁၈ ရက်က ကျူးဘားနိုင်ငံ ဟာဗားနားမြို့ရှိ Jose Marti အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပျံတက်စဉ် ပျက်ကျကာ လူပေါင်း ၁၀၀ ကျော်သေဆုံးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လေယာဉ်ပျက်ကျမှုမှ လူ သုံးဦးအား အသက်ရှင်လျက်တွေ့ရှိရကြောင်း၊ ၎င်းတို့မှာလည်း စိုးရိမ်ဖွယ် အခြေအနေရှိကြောင်း ကျူးဘားနိုင်ငံပိုင် Granma သတင်းစာက ရေးသားခဲ့သည်။

ထို လေယာဉ်တွင် ခရီးသည် ၁၀၅ ဦးနှင့် လေယာဉ်ဝန်ထမ်း ၆ ဦး လိုက်ပါသွားခဲ့ကြောင်း သိရသည်။

ယင်းလေယာဉ်သည် မက္ကဆီကိုကုမ္ပဏီ Damojh ကပိုင်ဆိုင်ပြီး ကျူးဘားနိုင်ငံပိုင် Cubana de Aviacion က ငှားရမ်းထားခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.