Connect with us

North America

ပွန်ပီယို နှင့် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးတို့ ထရမ့်-ကင်ဆွေးနွေးပွဲ ၊ ကုန်သွယ်ရေး နှင့် အာဆီယံ အရေး ကိစ္စရပ်များအကြောင်း ဆွေးနွေး

အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယို(ယာ) နှင့် စင်ကာပူနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်(ဝဲ) တို့ လက်ဆွဲနှုတ်ဆက်စဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇွန် ၆ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး မိုက်ပွန်ပီယို နှင့် စင်ကာပူနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး ဗီဗီယန်ဗလာခရစ်ရှနန်(Vivian Balakrishnan) တို့သည် အမေရိကန်-အာဆီယံပူးပေါင်းဆောင်ရွက်မှု နှင့် ကုန်သွယ်ရေးဆက်ဆံမှုများအကြောင်းကို ဇွန် ၆ ရက်တွင် ဆွေးနွေးခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

၎င်းတို့သည် မကြာမီကျင်းပမည့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့် နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် တို့၏ ထိပ်သီးအစည်းအဝေးအကြောင်းကိုလည်း ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပွန် နှင့် ဗီဗီယန် တို့သည် အာရှတိုက်တွင် အမေရိကန်၏ ပထမဆုံး လွတ်လပ်သော ကုန်သွယ်ဖက်နိုင်ငံအဖြစ် အမေရိကန်-စင်ကာပူ ကုန်သွယ်ရေးသဘောတူညီမှု အကြောင်းအပါအဝင် အမေရိကန်-စင်ကာပူ မဟာဗျူဟာမြောက်မိတ်ဖက် ဆက်ဆံရေးကိုလည်း ထပ်လောင်းအတည်ပြုခဲ့ကြကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးတို့သည် အာဆီယံအသင်း၏ ၂ဝ၁၈ ခုနှစ် အလှည့်ကျဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသည့် စင်ကာပူနိုင်ငံ နှင့် ပူးပေါင်းဆောင်ရွက်ရေး အပါအဝင် အာရှပစိဖိတ်ဒေသတွင် အာဆီယံ၏ ဗဟိုမဏ္ဍိုင်အကြောင်းကိုလည်း ဆွေးနွေးခဲ့ကြသည်။

အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး နှင့် ဒေသတွင်းလုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများအပေါ် နှစ်ဖက်ညှိနှိုင်းဆောင်ရွက်မှု နှင့် ပူးပေါင်းဆောင်ရွက်မှု ဆက်လက်လုပ်ဆောင်သွားမည့်အကြောင်းကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထရမ့် နှင့် ကင်တို့၏ ဆွေးနွေးပွဲကို စင်ကာပူနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးခြင်းကိုလည်း ဂုဏ်ပြုပါကြောင်း ပွန်ပီယို ကဆိုသည်။

၎င်းထိပ်သီးအစည်းအဝေးကို ဇွန် ၁၂ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် စတင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ဆာရာဆန်ဒါစ် က ဆွေးနွေးပွဲကို စင်ကာပူနိုင်ငံ ဆန်တိုဆာကျွန်းပေါ်ရှိ Capella ဟိုတယ်၌ ကျင်းပသွားမည်ဖြစ်ကြောင်း ဇွန် ၅ ရက် နံနက်အစောပိုင်းတွင် ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.