Connect with us

North America

အမေရိကန် စစ်လေယာဉ်တစ်စင်း ထိုင်ဝမ်အပေါ် ဖြတ်ကျော်ပျံသန်းမှုအား တရုတ်နိုင်ငံက ရှုတ်ချ 

တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံ အလံများအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)

ယခုအပတ် အစောပိုင်းက ထိုင်ဝမ်အပေါ် အမေရိကန် စစ်လေယာဉ်တစ်စီး ဖြတ်ကျော် ပျံသန်းမှုအား တရုတ်နိုင်ငံက အခိုင်အမာ ဆန့်ကျင်ကြောင်းနှင့် အပြင်းအထန် ရှုတ်ချကြောင်း၊  ၎င်း၏ အချုပ်အခြာပိုင်မှု ၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ အကျိုးစီးပွားများအား ပြတ်ပြတ်သားသား ကာကွယ်စောင့်ရှောက်သွားရန် လိုအပ်သည့် အစီအမံများအားလုံးကို လုပ်ဆောင် သွားမည်ဖြစ်ကြောင်း  တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ဇွန်လ ၁၁ ရက်တွင် ပြောကြားခဲ့သည်။

ပြောရေးဆိုခွင့်ရှိသူ ဟွာချွန်းရင်က သတင်းစာ ရှင်းလင်းပွဲတွင် အမေရိကန်စစ်လေယာဉ် C-40A က ဇွန်လ ၉ ရက်က ထိုင်ဝမ်အပေါ် ဖြတ်ကျော်ပျံသန်းခဲ့မှု သတင်းအပေါ် ထင်မြင်ချက် မေးမြန်းရာတွင် အထက်ပါအတိုင်း မှတ်ချက်ပေး ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အမေရိကန်နိုင်ငံ၏ အဆိုပါလုပ်ရပ်သည် နိုင်ငံတကာဥပဒေ နှင့်နိုင်ငံတကာဆက်ဆံရေး လမ်းညွှန်ချက်ဆိုင်ရာ အခြေခံစံနှုန်းများအား ပြင်းပြင်းထန်ထန်ချိုးဖောက်ခြင်းဖြစ်ပြီး တရုတ်နိုင်ငံက အမေရိကန်၏ လုပ်ရပ်ကို အခိုင်အမာဆန့်ကျင်ပြီး ပြင်းထန်စွာရှုတ်ချကြောင်း ဟွာက ဆိုသည်။

“တရုတ်တစ်နိုင်ငံတည်း မူဝါဒနှင့် တရုတ်-အမေရိကန် ပူးတွဲကြေညာချက် သုံးချက်ကို လိုက်နာရန်နှင့် ယခုလိုဥပဒေမဲ့ ပြုမူခြင်း၊ ရန်စခြင်းများအား ချက်ချင်းရပ်တန့်ရန် အမေရိကန်ကိုကျွန်မတို့ တိုက်တွန်းပါတယ်”  ဟု ဟွာက ဆိုသည်။

တရုတ်နိုင်ငံသည် အချုပ်အခြာပိုင်ဆိုင်မှု၊ လုံခြုံရေးနှင့် ဖွံဖြိုးရေး အကျိုးစီးပွားများအား ပြတ်ပြတ်သားသား ကာကွယ်စောင့်ရှောက်သွားရန် လိုအပ်သည့်အစီအမံများ အားလုံးကို လုပ်ဆောင်သွားမည်ဟုလည်း ဟွာက ပြောကြားခဲ့သည်။  (Xinhua)