Connect with us

North America

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက အီရန်၏အဖွဲ့အစည်း ၃ ခုနှင့် လူပုဂ္ဂိုလ် ၆ ဦး အား ပိတ်ဆို့အရေးယူကြောင်း ကြေညာ

- အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန ၀န်ကြီးSteven Mnuchinအား သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်(ဓာတ်ပုံ- ဆင်ဟွာ )

ဝါရှင်တန် ၊ မေ ၃၁ ရက်(ဆင်ဟွာ)

အီရန်၏အဖွဲ့အစည်း ၃ ခုနှင့် လူပုဂ္ဂိုလ် ၆ ဦး အား ပိတ်ဆို့အရေးယူမည်ဟု အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက မေလ ၃၀ ရက်တွင် ကြေညာခဲ့သည်။

ပိတ်ဆို့အရေးယူခံရမည့် အီရန်အဖွဲ့အစည်း ၃ ခုမှာ Ansar-e Hezbollah group ၊ Hanista programing group နှင့် Evin အကျဉ်းထောင်တို့ဖြစ်ပြီး လူပုဂ္ဂိုလ် ၆ ဦးမှာ Ansar-e Hezbollah groupအဖွဲ့ဝင် ၃ ဦး၊ အီရန်အစိုးရအရာရှိ ၂ ဦးနှင့် အီရန်အသံလွှင့်ဌာနမှ တာဝန်ခံ ၁ ဦး ဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထိုနေ့တွင်ထုတ်ပြန်သည့်ကြေညာချက်ထဲတွင် ဖော်ပြထား သည်။

လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ယခုကဲ့သို့ အရေးယူပိတ်ဆို့ရခြင်းဖြစ်သည်ဟု အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဆိုပါသည်။

ထရန့်က မေ ၈ ရက်တွင် အီရန်နျူကလီးယားသဘောတူညီချက်မှ အမေရိကန် နုတ်ထွက်ကြောင်း ကြေညာခဲ့ပြီး သဘောတူညီချက်အရ ကင်းလွတ်ခွင့်ပေးထားသည့်ပိတ်ဆို့မှုများကို ပြန်လည်ဆောင်ရွက်ခဲ့သည်။ အီရန်က အမေရိကန်၏အရေးယူပိတ်ဆို့မှုများကို ပြင်းပြင်းထန်ထန် အပြစ်တင်ဝေဖန်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.