Connect with us

North America

ကမ္ဘာ့ လူဦးရေ သုံးပုံ တစ်ပုံက အဝလွန်နေကြောင်း လေ့လာတွေ့ရှိမှု အသစ်ကဆို

မက္ကဆီကိုနိုင်ငံ အရှေ့မြောက်ရှိ Tijuana မြို့ရှိ ဈေးဝယ်စင်တာ တစ်ခုတွင် ထိုင်နေသည့် အဝလွန် အမျိုးသမီး တစ်ဦးအား ၂၀၁၅ ခုနှစ် မေလ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

ကမ္ဘာ့ လူဦးရေ သုံးပုံ တစ်ပုံ သို့မဟုတ် ကလေးနှင့် အရွယ်ရောက်သူ နှစ် ဘီလီယံကျော်က အဝလွန်နေကြကြောင်း ဇွန်လ ၁၂ ရက်တွင် ထုတ်ပြန်လိုက်သည့် လေ့လာတွေ့ရှိချက်သစ် တစ်ရပ်အရ သိရသည်။

နိုင်ငံနှင့် ဒေသပေါင်း ၁၉၅ ခုတွင် သုတေသီများ စုစည်းထားသည့် အဝလွန်သူများနှင့် ကျန်းမာရေး ပြဿနာများ၊ လူသေဆုံးမှုများနှင့် ဆက်စပ်နေသည့် အချက်အလက်များအရ အဝလွန်နှုန်းမှာ ၁၉၈၀ ခုနှစ်ကစ၍ နိုင်ငံပေါင်း ၇၀ ကျော်၌ နှစ်ဆဖြစ်လာခဲ့ပြီး အခြားနိုင်ငံများတွင်လည်း အရေအတွက် ဆက်လက် မြင့်တက်လျက်ရှိကြောင်း လေ့လာတွေ့ရှိချက်က ဖော်ပြထားသည်။

၂၀၁၅ ခုနှစ်အတွင်း လူဦးရေ လေးသန်းခန့် သေဆုံးမှုမှာ ခန္ဓာကိုယ် အလေးချိန် လွန်ကဲလာခြင်းကြောင့် ဖြစ်ကြောင်း၊ BMI (Body Mass Index) သတ်မှတ်ချက်ထက် ၄၀ ရာခိုင်နှုန်းနီးပါး ကျော်လွန်လာသူများ ဖြစ်ကြောင်း သိရသည်။

ယခုလို တွေ့ရှိချက်များသည် ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ ကျန်းမာရေး တိုးတက်ခြင်းနှင့် ဖြန့်ဝေခြင်း တစ်ခု ဖြစ်ကြောင်း The England Journal of Medicine က ထုတ်ဝေသည့် စာစောင်တွင် ဖော်ပြထားသည်။

အဆိုပါ တွေ့ရှိချက်၌ ကမ္ဘာ တစ်ဝန်းက ကလေး ၁၀၈ သန်းနှင့် အရွယ်ရောက်သူ သန်း ၆၀၀ ကျော်နီးပါး အပါအဝင် လူဦးရေ ၂.၂ ဘီလီယံမှာ BMI ၃၀ ထက် ကျော်လွန်ပြီး ခန္ဓာကိုယ် အဝလွန်နေကြောင်း တွေ့ရှိရသည်။

ကလေးသူငယ်များ အဝလွန်နှုန်းမှာ လူကြီးများလောက် မရှိသော်လည်း နိုင်ငံအများစုအလိုက် ကြည့်ပါက အဝလွန် ကလေးငယ် အရေအတွက် မြင့်တက်လျက်ရှိကြောင်း လေ့လာတွေ့ရှိချက်က ဆိုသည်။

မိမိ၏ ခန္ဓာကိုယ် အလေးချိန် (ကီလိုဂရမ်) ကို မိမိ၏ အရပ် (စတုရန်းမီတာ) ဖြင့် စားပါက မိမိ၏ BMI ကို သိနိုင်မည် ဖြစ်သည်။ BMI ၁၉ နှင့် ၂၄ အကြားရှိပါက ကျန်းမာပြီး ခန္ဓာကိုယ် အလေးချိန် ပုံမှန်ရှိနေသူ ဖြစ်ပြီး BMI ၂၅ နှင့် ၂၉ အကြားရှိလျှင် ဝသောသူဖြစ်ပြီး BMI ၃၀ ကျော်သူများမှာ အဝလွန်သူများ ဖြစ်ကြောင်း သိရသည်။

ကလေးနှင့် လူငယ်များအကြား အဝလွန်နှုန်း အမြင့်ဆုံး နိုင်ငံများမှာ အမေရိကန်ဖြစ်ပြီး ၁၃ ရာခိုင်နှုန်း၊ အရွယ်ရောက်ပြီးသူ အဝလွန်နှုန်းက အီဂျစ်တွင် ၃၅ ရာခိုင်နှုန်းရှိကြောင်း၊ အနည်းဆုံးမှာ ဘင်္ဂလားဒေ့ရှ်နှင့် ဗီယက်နမ် ဖြစ်ပြီး တစ်ရာခိုင်နှုန်းစီ အသီးသီးရှိကြောင်း သိရသည်။

“လူတွေက နှလုံးရောဂါ၊ ဆီးချို သွေးချိုရောဂါ၊ ကင်ဆာရောဂါနဲ့ အသက်အန္တရာယ် ခြိမ်းခြောက်နိုင်တဲ့ အခြေအနေတွေနဲ့ ကိုယ်အလေးချိန် ဆက်စပ်နေတယ်ဆိုတာကို အလေးမထားကြဘူး” ဟု ဝါရှင်တန် တက္ကသိုလ် ရှိ Health Metrics and Evaluation ကောလိပ်၏ ညွှန်ကြားရေးမှူးက သတင်းထုတ်ပြန်ချက်၌ ပြောကြားထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.