Connect with us

North America

ဒေါ်နယ်ထရမ့်၏ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ အဆိုပြုချက်များအား အမေရိကန် အများစု ဆန့်ကျင်

နယူးယောက်ရှိ မဲဆွယ်စည်းရုံးပွဲ တစ်ခု၌ ဇူလိုင်လ ၁၆ ရက်က ဒေါ်နယ်ထရမ့် ဟောပြောနေစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)

ရီပက်ဘလစ်ကန် သမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းခံရသည့် ဒေါ်နယ်ထရမ့်၏ ရွှေ့ပြောင်းခြင်း ဆိုင်ရာ အဆိုပြုချက်အား အမေရိကန် သုံးပုံ နှစ်ပုံက ဆန့်ကျင်ကြောင်း ဇူလိုင်လ ၂၀ ရက်က ထုတ်ပြန်သည့် ရွေးကောက်ပွဲအကြို လူထုဆန္ဒ လေ့လာ ဆန်းစစ်ခြင်း စစ်တမ်း တစ်ခုအရ သိရသည်။

ဒေါ်နယ်ထရမ့်က တရားမဝင် သွားလာမှုများအား တင်းကြပ်ခြင်းကို ၎င်း၏ မဲဆွယ် စည်းရုံးမှု ဦးစားပေး အနေဖြင့် လုပ်ဆောင်ခဲ့ကာ ၎င်း သမ္မတအဖြစ် ရွေးကောက်ခံခဲ့ရပါက မက္ကဆီကိုနှင့် နယ်စပ်၌ နံရံ တစ်ခု တည်ဆောက်ရန်နှင့် တရားမဝင် ရွှေ့ပြောင်းလာသူများအား နှင်ထုတ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိုသို့ အမေရိကန်နှင့် မက္ကဆီကို နယ်စပ်တွင် တံတိုင်းခတ်မည့် အကြောင်းအား အမေရိကန် ၆၆ ရာခိုင်နှုန်းက ကန့်ကွက်ထားကြပြီး ယင်းတွင် ဒီမိုကရက် ၈၈ ရာခိုင်နှုန်း၊ သီးခြားလွတ်လပ်သူ ၆၆ ရာခိုင်နှုန်းနှင့် ရီပက် ဘလစ်ကန် ၃၈ ရာခိုင်နှုန်း ပါဝင်ကြောင်း အဆိုပါ စစ်တမ်း၌ ဖော်ပြထားသည်။
အလားတူပင် တရားမဝင် ရွှေ့ပြောင်းသွားလာသူများအား နှင်ထုတ်ခြင်းနှင့် ပတ်သက်၍ အမေရိကန် ၆၆ ရာခိုင်နှုန်းက ကန့်ကွက်ခဲ့ကြသလို ယင်းတွင် ဒီမိုကရက် ၈၃ ရာခိုင်နှုန်း၊ သီးခြားလွတ်လပ်သူများက ၆၅ ရာခိုင်နှုန်းနှင့် ရီပက်ဘလစ်ကန် ၄၈ ရာခိုင်နှုန်းတို့က ကန့်ကွက်ခဲ့ကြောင်း သိသည်။
တရားမဝင် ရွှေ့ပြောင်းသွားလာသူများအတွက် အချိန်ကာလ တစ်ခုကြာမြင့်လာပါက လိုအပ်ချက်များ ပြည့်စုံလာလျှင် နိုင်ငံသား ဖြစ်နိုင်မည့် အခွင့်အလမ်းအား ဒီမိုကရက် ၉၁ ရာခိုင်နှုန်း၊ သီးခြားလွတ်လပ်သူ ၈၅ ရာခိုင်နှှုန်းနှင့် ရီပက်ဘလစ်ကန် ၇၆ ရာခိုင်နှုန်း ပါဝင်သည့် အမေရိကန် အများစု သို့မဟုတ် လူဦးရေ၏ ၈၄ ရာခိုင်နှုန်း က ထောက်ခံခဲ့ကြောင်း စစ်တမ်းအရ သိရသည်။
ထို့ပြင် နိုင်ငံသားဖြစ်ခွင့် လမ်းကြောင်းအတွက် ထောက်ပံ့ခြင်းသည် အမေရိကန်- မက္ကဆီကို နယ်စပ်၌ တံတိုင်းခတ်ခြင်း သို့မဟုတ် ရွှေ့ပြောင်းသူများအား နှင်ထုတ်ခြင်းထက်သာ၍ ကောင်းကြောင်း၊ ရွှေ့ပြောင်းသွားလာ ရေး မူဝါဒနှင့် ပတ်သက်၍လည်း ထရမ့် အဆိုပြုချက်ထက် ဒီမိုကရက်တစ် ပါတီမှ အမည်စာရင်း တင်သွင်းထားသည့် ဟီလာရီ ကလင်တန်၏ အဆိုပြုချက်အား လူကြိုက်ပိုများကြောင်း၊ ကလင်တန်၏ ရွှေ့ပြောင်းသွားလာရေး မူဝါဒသည် ၎င်းတို့၏ ပိုင်ဆိုင်မှုနှင့် နီးစပ်ကြောင်း အမေရိကန် ၅၃ ရာခိုင်နှုန်းက ပြောကြားခဲ့ပြီး ထရမ့်၏ အဆိုပြုချက်ကိုမူ ၃၇ ရာခိုင်နှုန်းကသာ ၎င်းတို့၏ ပိုင်ဆိုင်မှုနှင့် နီးစပ်သည်ဟု ပြောခဲ့ကြောင်း စစ်တမ်းက ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.