Connect with us

North America

အမေရိကန် နိုင်ငံ စစ်သင်္ဘောထံသို့ ချဉ်းကပ် လာသော ရုရှားနိုင်ငံ ဗုံးကြဲလေယာဉ်များအား အမေရိကန် နိုင်ငံနှင့် တောင်ကိုးရီးယား နိုင်ငံ တို့မှ လေယာဉ် က တားဆီးမှုများ ဆောင်ရွက်ခဲ့

ရုရှားနိုင်ငံထုတ် tu 142 ဗုံးကြဲလေယာဉ် အား မြင်တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဝါရှင်တန် ၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

အမေရိကန် လေယာဉ်တင် သင်္ဘော USS Ronald Reagan သည် ဂျပန်ပင်လယ်ပြင် နိုင်ငံတကာ ရေပိုင်နက်အတွင်း အောက်တိုဘာလ ၂၇ ရက်က စစ်ရေးလေ့ကျင့်နေစဉ် ၎င်းအနီးသို့ ရုရှား ဗုံးကြဲလေယာဉ်များ အနီးကပ်ပျံသန်း လာမှုကြောင့် လေယာဉ်များ စေလွှတ်၍ ဟန့်တားခဲ့ရကြောင်း အမေရိကန် သမ္မတ အိမ်ဖြူတော်က အောက်တိုဘာလ ၂၉ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန် နိုင်ငံ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ USS Ronald Reagan စစ်သင်္ဘောသည် တောင်ကိုးရီးယား စစ်သင်္ဘော နှင့်အတူ စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေစဉ်တွင် ရုရှား နိုင်ငံ မှ ဗုံးကြဲလေယာဉ်များ အနီးကပ် ပျံသန်း လာသည် ကို သိရှိခဲ့ရသောကြောင့် တောင်ကိုရီးယား နိုင်ငံ မှ တိုက်လေယာဉ် များကို အလျင်အမြန် စေလွှတ်ခဲ့ကြောင်း ၊ ထိုနောက်တွင် အမေရိကန် နိုင်ငံ မှ လည်း F/A-18 တိုက်လေယာဉ် ၄ စင်းအား စေလွှတ်ကာ တားဆီးမှု များကို ဆောင်ရွက် ခဲ့ကာ ရုရှား နိုင်ငံ ၏ ဗုံးကြဲ လေယာဉ်များကို လိုက်လံ စောင့်ကြည့်မှု များပြုလုပ်ခဲ့ပြီး ယင်း ဗုံးကြဲ လေယာဉ်များ အဝေးသို့ ရောက်ရှိသွား ချိန်မှသာ ပြန်လည် ဆုတ်ခွာ ခဲ့ကြောင်း သတင်း ထုတ်ပြန် ခဲ့သည်။

USS Ronald Reagan သည် အမေရိကန် နိုင်ငံ၏ နျူကလီးယား စွမ်းအင်သုံး လေယာဉ်တင် သင်္ဘော တစ်စင်း ဖြစ်ကာ ၂၀၀၃ ခုနှစ်တွင် အမေရိကန် ရေတပ်၌ တပ်တော်ဝင်ကာ စစ်ရေး တာဝန်ကို စတင် ထမ်းဆောင် ခဲ့သည့် စစ်သင်္ဘော ဖြစ်ပြီး ယခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ဂျပန် နိုင်ငံ ရှိ အမေရိကန် စစ်စခန်းကို ရောက်ရှိခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117