Connect with us

North America

မက္ကဆီကို တောင်ပိုင်းက ပျောက်ဆုံးနေသော ကျောင်းသားများထဲမှ ၁၇ ဦးမှာ အမှိုက်ပုံတွင် မီးရှို့ခံရကြောင်း နိုင်ငံတကာ ကျွမ်းကျင်သူများ အတည်ပြု

၂၀၁၅ ခုနှစ် သြဂုတ်လ ၂၆ ရက်က ကျောင်းသားများ ပျောက်ဆုံးခြင်း ၁၁ လအကြာ ချီတက်ဆန္ဒပြပွဲ၌ ဆွေမျိုးတစ်ဦးက ပါဝင်ဆန္ဒပြနေစဉ် (ဆင်ဟွာ)

မက္ကဆီကို စီးတီး၊ ဧပြီ ၃ ရက် (ဆင်ဟွာ)

လွန်ခဲ့သော ၂၀၁၄ ခုနှစ်က ကောလိပ်ကျောင်းသား ၄၃ ဦး ပျောက်ဆုံးသွားခဲ့သော မက္ကဆီကို စီးတီးတောင် ဘက်ပိုင်းရှိ ကိုကူလာ မြို့ရှိ အမှိုက်ပုံ တစ်ခုတွင် အနည်းဆုံး ကျောင်းသား ၁၇ ဦးအား မီးရှို့ခံခဲ့ရကြောင်း မီးလောင်ခြင်းဆိုင်ရာ ကျွမ်းကျင်သူ နိုင်ငံတကာအဖွဲ့က ဧပြီလ ၁ ရက်က ပြောကြားလိုက်သည်။

ယင်းအမှိုက်ပုံတွင် မီးရှို့ခံခဲ့ရကြောင်း ရုပ်ပိုင်းဆိုင်ရာ လုံလောက်သော သက်သေများ ပြနိုင်ခဲ့ကြောင်း နိုင်ငံတ ကာအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရီကာဒို ဒမ်မီယံ တာရက်စ် (Ricardo Damian Torres) က မက္ကဆီကို ရှေ့နေ ချုပ်ရုံး ၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

မီးလောင်ခြင်းဆိုင်ရာ ကျွမ်းကျင်သူ နိုင်ငံတကာအဖွဲ့တွင် မက္ကဆီကိုက မီးလောင်ခြင်းဆိုင်ရာ ကျွမ်းကျင်သူ နှစ်ဦး၊ အမေရိကန်မှ သုံးဦးနှင့် ပီရူးနိုင်ငံမှ တစ်ဦးတို့ ပါဝင်သည်။ ယခုထုတ်ပြန်သည့် မှုခင်းဆေးပညာဆိုင်ရာ အစီရင် ခံစာမှာ တတိယအကြိမ်မြောက်ဖြစ်ပြီး ရက်သတ္တပတ် ခြောက်ပတ်ကြာ ပြုလုပ်ခဲ့ရသည် ဟု ဆိုသည်။

၂၀၁၄ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဆရာအတတ်သင်လေ့ကျင့်ရေး ကောလိပ်တွင် တက်ရောက်နေ သည့် ကျောင်းသား ၄၃ ဦးမှာ မက္ကဆီကို စီးတီးရှိ Tlatelolco Square တွင် ပြုလုပ်မည့် ကျောင်းသား အစုလိုက် အပြုံလိုက်သတ်ဖြတ်ခံရခြင်း၏ ၄၆ နှစ်မြောက် အထိမ်းအမှတ်ပွဲ ပြုလုပ်ရာသို့ သွားရောက်ရာမှ ပျောက်ဆုံးသွား ခဲ့ခြင်း ဖြစ်သည်။

သတင်းများအရ မူးယစ်ဆေး ဂိုဏ်းတစ်ခုမှ ပြန်ပေးဆွဲခံရပြီး အသတ်ခံခဲ့ရကြောင်း ဖော်ပြထားပြီး ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၇ ရက်တွင် ရှေ့နေချုပ်ရုံးက ထိုကျောင်းသားများမှာ အသတ်ခံရကြောင်းနှင့် ကိုကူလာမြို့ရှိ အ မှိုက်ပုံတွင် မီးရှို့ခံထားရသည့် ၎င်းတို့၏ ရုပ်အလောင်းများအား တွေ့ရကြောင်း ပြောကြားခဲ့သည်။

သို့ရာတွင် ပျောက်ဆုံးသူများ၏ မိသားစုဝင်များကမူ ယင်းအဆိုအား ငြင်းဆန်ထားပြီး အစိုးရမဟုတ်သော အကျိုးအမြတ်မယူသည့် သိပ္ပံဆိုင်ရာ အဖွဲ့အစည်း ဖြစ်သည့် အာဂျင်တီးနား မှုခင်းဆေးပညာဆိုင်ရာ မနုဿ ဗေဒ အဖွဲ့အား ယင်းအမှုအား လေ့လာပေးရန် မေတ္တာရပ်ခံခဲ့သည်။

အဆိုပါ အဖွဲ့အစည်းမှ မှုခင်းဆိုင်ရာကျွမ်းကျင်သူများကမူ ကျောင်းသားများအား မူးယစ်ဆေးဝါးဂိုဏ်းက မီးရှို့ မြေမြှုပ်ခဲ့ကြောင်း သိပ္ပံနည်းကျ သက်သေမတွေ့ရှိခဲ့ရကြောင်း ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.