Connect with us

North America

မက္ကဆီကို နိုင်ငံ မြောက်ပိုင်း တွင် တောင်ကျချောင်းရေ မြင့်တက်မှုကြောင့် ခရီးသွား ဧည့်သည် ၈ ဦးသေဆုံး

တောင်ကျချောင်းရေ မြင့်တက်မှု တစ်ခု အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

မက္ကဆီကိုစီးတီး ၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)

မက္ကဆီကို နိုင်ငံ သတင်းမီဒီယာ များ ၏ ဇူလိုင် ၄ ရက် ရေးသား ဖော်ပြချက် အရ လတ်တလောရက်ပိုင်း အတွင်း နိုင်ငံ မြောက်ပိုင်း Coahuila ပြည်နယ် ၌ ဖြစ်ပွား ခဲ့သည့် တောင်ကျချောင်းရေ မြင့်တက်မှု ကြောင့် ခရီးသွားဧည့်သည် ၈ ဦး သေဆုံး ခဲ့ရကြောင်း သိရှိရသည်။

သတင်းဖော်ပြချက်များ အရ Coahuila ပြည်နယ် ရှိ စမ်းချောင်း တစ်ခု တွင် ဇူလိုင်လ ၂ ရက် ၌ တောင်ကျချောင်းရေ မြင့်တက်မှု ဖြစ်ပွား ခဲ့ရာ ခရီးသွား ဧည့်သည် ၈ ဦး က ရေစီးနှင့် မျောပါသွား ခဲ့ကြောင်း ၊ ဒေသတွင်း အစိုးရ က ရှာဖွေကယ်ဆယ်ရေး အဖွဲ့ဖွဲ့စည်း ပြီး ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ခရီးသွား ဧည့်သည် ၈ ဦး ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ၊ သေဆုံးသူများ အနက် ၂ ဦး မှာ အမျိုးသမီးများ ဖြစ်ကြပြီး ၆ ဦး မှာ အမျိုးသား ဖြစ်ကြကြောင်း သိရှိရသည်။

ဒေသတွင်း ပြည်သူ့လုံခြုံရေး ဌာန က စမ်းချောင်းအထက်ရှိ မိုးရေ သိုလှောင်သော ဆည် က ရေပြည့်ရေလျှံ မှု ဖြစ်ပွား ခြင်းကြောင့် စမ်းချောင်း အတွင်းသို့ ရေများ အရှိန်ပြင်းစွာ ဝင်ရောက် ခဲ့ရာ တောင်ကျချောင်းရေ ရုတ်တရက် မြင့်တက်မှု ဖြစ်ပွား ခဲ့ကြောင်း ၊ အချင်းဖြစ်ပွားစဉ် ခရီးသွား ဧည့်သည်များ က စမ်းချောင်းတွင် ရေကစား နေကြကြောင်း ထုတ်ပြန် ခဲ့သည်။

အချင်း ဖြစ်ပွား ခဲ့သည့် နေရာ က မက္ကဆီကို နိုင်ငံ Coahuila ပြည်နယ် ရှိ ခရီးသွား ဧည့်သည်များ သွားရောက် လည်ပတ်လေ့ ရှိသည့် ဒေသ တစ်ခု ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.