Connect with us

North America

မိနစ် ၂ဝ ခန့်သာခြား၍ ဆုံးပါးသွားသည့် အိမ်ထောင်သက် ၆၃ နှစ်ရှိပြီဖြစ်သော ချစ်သူနှစ်ဦး

အမေရိကန်ချစ်သူစုံတွဲ အဖိုးအဖွား နှစ်ဦးအား မသေဆုံးမီ အတူတကွတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆန်ဖရန်စစ္စကို ၊ သြဂုတ် ၈ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံတွင် အိမ်ထောင်သက် ၆၃ နှစ်ရှိပြီးဖြစ်သည့် ချစ်သူစုံတွဲ အဖိုးအဖွားနှစ်ဦးသည် တစ်ဦးနှင့်တစ်ဦးခွဲ၍ အသက်မရှင်နိုင်ကြောင်း နောက်ဆုံးထွက်သက်ထိ ချစ်သက်သေပြခဲ့ကြသည်။

ဟင်နရီ နှင့် ဂျနက်တီဒီလိမ်း နှစ်ဦးသည် အိမ်ထောင်သက် ၆၃ နှစ်ရှိခဲ့ပြီး ၎င်းတို့သည် သြဂုတ်လ ၈ ရက် က မိနစ် ၂ဝ ခန့်သာခြား၍ အမေရိကန်နိုင်ငံ တောင်ပိုင်း ဒါကိုတာမြို့ရှိ သက်ကြီးဂေဟာ အခန်းတစ်ခုထဲတွင် ရှေ့ဆင့်နောက်ဆင့် အသီးသီးဆုံးပါးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
“ ဘုရားသခင်၏ ကောင်းချီးပေးမှုနဲ့လှလှပပ အဆုံးသတ်ခွင့်ရခဲ့ကြတယ်” ဟု ဟင်နရီ နှင့် ဂျနက်တီ တို့၏ သားသမီးငါးဦးထဲမှ တစ်ဦးဖြစ်သည့် Lee De Lange က KSFY သတင်းဌာနသို့ပြောကြားချက်ကို ကိုးကား၍ CNN သတင်းဌာနက ဖော်ပြခဲ့သည်။
အသက် ၈၇ နှစ်အရွယ်ရှိ အဖွားအို ဂျနက်တီ သည် အယ်ဇိုင်းမားရောဂါဝေဒနာကို ခံစားနေရသဖြင့် ၂ဝ၁၁ခုနှစ်ကတည်းက သက်ကြီးဂေဟာတွင် နေထိုင်လာခဲ့သည်။ ယင်းကာလအတွင်း ခင်ပွန်းဖြစ်သူ အသက် ၈၆ နှစ်အရွယ်ရှိ ဟင်နရီသည် အဖွားအိုရှိရာ သက်ကြီးဂေဟာသို့ နေ့စဉ် လာရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။
အဖိုးအို ဟင်နရီသည် ဆီးကြိတ်ကင်ဆာဝေဒနာခံစားရချိန်တွင် အဖွားအိုရှိရာ သက်ကြီးဂေဟာသို့ပြောင်းရွှေ့၍ ချစ်သူနှစ်ဦးသည် အခန်းတစ်ခုထဲတွင် ဆေးကုသမှုခံယူရင်း အတူတကွ နေထိုင်ခဲ့ကြကြောင်းသိရသည်။
၂ဝ၁၆ ခုနှစ် ဇူလိုင်လ ၃၁ ရက်ကမူ ၎င်းတို့နှစ်ဦး၏ ကျန်းမာရေးအခြေအနေမှာ အတော်ပင်ဆိုးရွားနေပြီဖြစ်ကြောင်း မိသားစုအားပြောကြားခဲ့သည်။ သြဂုတ် ၈ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီ ၁ဝ မိနစ်တွင် ဂျနက်တီသည် ဘဝတစ်ပါးသို့ကူးပြောင်းခဲ့ပြီး နောက် မိနစ် ၂ဝ အကြာတွင် ဟန်နရီလည်း ကွယ်လွန်ခဲ့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.