Connect with us

North America

အမေရိကန်တွင် ဆေးခြောက်သုံးစွဲသူ မြင့်တက်လျက်ရှိ

ဆေးခြောက်ထည့်ထားသည့် ပုလင်းငယ်များကို ကြည့်ရှု့နေသည့် အမေရိကန်လူငယ်တစ်ဦးအားတွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ သြဂုတ် ၉ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံရှိ အရွယ်ရောက်ပြီးသူ ၁၃ ရာခိုင်နှုန်းသည် ဆေးခြောက် ရှူနေကြကြောင်း ၊ ၂ဝ၁၅ ခုနှစ်ထက် ၂ရာခိုင်နှုန်းတိုးတက်လာကြောင်း နှင့် ၂ဝ၁၃ ခုနှစ်ထက် ၂ ဆနီးပါးမြင့်တက်လာခြင်းဖြစ်ကြောင်း သြဂုတ် ၈ ရက်တွင်ထုတ်ပြန်သည့် စစ်တမ်းတစ်ရပ်တွင် ဖော်ပြထားသည်။

အမေရိကန်နိုင်ငံသား ၄၃ ရာခိုင်နှုန်းက ဆေးခြောက်သုံးစွဲခဲ့ကြောင်း ပြောကြားခဲ့ရာ ၂ဝ၁၅ ခုနှစ်တွင် ရှိခဲ့သော ၄၄ ရာခိုင်နှုန်းနီးပါးအထိ ရောက်ရှိခဲ့သည်။ ၂ဝ၁၃ ခုနှစ်က အမေရိကန်ပြည်သူ ၃၈ ရာခိုင်နှုန်း ဆေးခြောက်သုံးစွဲခဲ့ကြသည်။ ၁၉၆၉ ခုနှစ်က အမေရိကန်နိုင်ငံသား ၄ ရာခိုင်နှုန်းခန့်သာ မူးယစ်ဆေးသုံးစွဲခဲ့သည်ကို တွေ့ရကြောင်း စစ်တမ်းများက ဆိုသည်။
ယခုအခါ အရွယ်ရောက်ပြီးသူ အသက် ၃ဝ မှ ၆၄ နှစ်အတွင်းရှိ အမေရိကန်ပြည်သူများ ထက်ဝက်ခန့်သည် မူးယစ်ဆေးသုံးစွဲနေရာ အရွယ်ရောက်ပြီးသူ ၅ ပုံ ၁ ပုံ (သို့မဟုတ်) အသက် ၃ဝ နှစ်အောက် လူငယ် ၁၉ ရာခိုင်နှုန်းသည် လက်ရှိချိန်တွင် မူးယစ်ဆေးသုံးစွဲကြောင်း စစ်တမ်းအရ သိရသည်။
အမေရိကန်ပြည်ထောင်စုဥပဒေအရ နိုင်ငံအတွင်း ဆေးခြောက်အသုံးပြုမှုကို တားမြစ်ထားသော်လည်း ၂ဝ၁၃ ခုနှစ်မှ စတင်ကာ ပြည်နယ် အတော်များများ၌ ဆေးခြောက်ကို တရားဝင်သုံးစွဲခွင့်ရှိကြောင်း ဖြေလျှော့မှုများပြုလုပ်ပေးခဲ့ကြသည်။ ကော်လိုရာဒို နှင့် ဝါရှင်တန်ပြည်နယ်များတွင် ဆေးခြောက်သုံးစွဲခွင့်ကိုတစ်ပတ်လျှင် လေးရက် ခွင့်ပြုထားပြီး ဝါရှင်တန်ဒီစီ အပါအဝင် အလက်စကာ နှင့် အော်ရီဂွန်ပြည်နယ်များ၌လည်း ဖြည့်စွက်မှုများပြုလုပ်ထားကြောင်းသိရသည်။
ယခင်က ဆေးခြောက်သုံးစွဲခွင့်ပြုထားသည့် ပြည်နယ်လေးခုအပါအဝင် အမေရိကန်ပြည်ထောင်စုအတွင်းရှိ ပြည်နယ်ထက်ဝက်သည် ဆေးခြောက်ကို ဆေးဝါးအဖြစ် သုံးစွဲခွင့်ပြုရန် နှင့် နောက်ထပ် ပြည်နယ်လေးခုကလည်း ဆေးခြောက်ကို ဆေးဝါးအဖြစ် တရားဝင် သုံးစွဲခွင့်ပြုရန် မဲခွဲဆုံးဖြတ်ရန် ပြင်ဆင်နေကြောင်းသိရသည်။
နိုင်ငံ၏ အဓိက အတိုက်အခံပါတီ နှစ်ခုမှ သမ္မတလောင်းများဖြစ်ကြသည့် ဟီလာရီကလင်တန် နှင့် ဒေါ်နယ်ထရမ့် တို့နှစ်ဦးစလုံးကလည်း ဆေးခြောက်ကို ဆေးဝါးဖြင့် တရားဝင်အသုံးပြုခွင့်ကို မဲခွဲဆုံးဖြတ်ရန် ထောက်ခံမှုပေးထားကြသည်။ သို့သော် ဆေးခြောက်ကို အသုံးပြု၍ နိုင်ငံရေး ကစားခြင်းသာဖြစ်ကြောင်း စစ်တမ်းက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.