Connect with us

North America

ယီမင်၌ အမေရိကန်မောင်းသူမဲ့ လေယာဉ်တိုက်ခိုက်မှုှများဖြင့် အယ်လ်ကိုင်းဒါး ၂၈ ဦးသေဆုံးခဲ့

ယီမင်နိုင်ငံ၌ စစ်ဆင်ရေးပြုလုပ်နေသော အမေ၇ိကန်မောင်းသူမဲ့ လေယာဉ်တစ်စင်းအားတွေ့ ရစဉ်(ဓာတ်ပုံ- အင်တာနက်)

ဝါရှင်တန်၊ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ)

ယီမင်နိုင်ငံ၌ အမေရိကန်မောင်းသူမဲ့ လေယာဉ်များ၏ ကိုးနေရာတွင် သီးခြားစီ တိုက်ခိုက်မှုများကြောင့် အာရေဗျကျွန်းဆွယ်အခြေစိုက် အယ်လ်ကိုင်းဒါးအဖွဲ့(AQAP) ဝင် အကြမ်းဖက်သမားအဖြစ် သံသယရှိသူပေါင်း ၂၈ ဦးကို သုတ်သင်သတ်ဖြတ်နိုင်ခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ဒီဇင်ဘာလ ၂၂ ရက်တွင် ပြောကြားခဲ့သည်။

“ အကြမ်းဖက် ကွန်ရက်တွေနဲ့ချိတ်ဆက်မှုရှိတဲ့ ယီမင်နိုင်ငံက AQAP အဖွဲ့ကို မောင်းသူမဲ့ လေယာဉ်တွေ နဲ့လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့ပါတယ်။ အဲဒီအဖွဲ့ဟာ အမေရိကန်နိုင်ငံနဲ့ကျွန်တော်တို့ရဲ့ မဟာမိတ်တွေကို နောက်ကွယ်က တိုက်ခိုက်ဖို့အစီအစဉ်ရှိသူတွေပါ” ဟု ပင်တဂွန်စစ်ဌာနချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုများကို စက်တင်ဘာလ ၂၃ ရက် မှ ဒီဇင်ဘာလ ၁၃ ရက်အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း နှင့် ၂ဝဝ၉ ခုနှစ်က အမေရိကန်ကုန်တင်လေယာဉ်ကို အကြမ်းဖက်အဖွဲ့က တိုက်ခိုက်ခဲ့သော နှစ်ပတ်လည် အခါသမယ မရောက်ခင် ကာလလေးတွင် ပြုလုပ်ခဲ့သော စစ်ဆင်ရေးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အာရေဗျ ကျွန်းဆွယ်ရှိ အယ်လ်ကိုင်းဒါးအဖွဲ့သည် ပြင်သစ်နိုင်ငံ၌ ၂ဝ၁၅ ခုနှစ်က သွေးထွက်သံယိုမှုဖြစ်စေခဲ့သည့် Charlie Hebdo မဂ္ဂဇင်း တိုက်ခိုက်ခံရမှုအတွက် ပြစ်တင်ခံနေရသော အကြမ်းဖက်အဖွဲ့တစ်ခုဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.