Connect with us

North America

လော့စ်အန်ဂျလိစ် လေဆိပ်တွင် လေယာဉ်ဖြင့် ကိုကင်းမှောင်ခိုသယ်ဆောင်ရန် ကြိုးပမ်းသူ တစ်ဦးအားဖမ်းမိ

ဂျမေကာ အလှမယ် ဟောင်း Marsha Gay Reynoldsနှင့် ၎င်းသယ်ဆောင်လာသည့် ကိုကင်းထုတ်များအား တွေ့ရစဉ်-အင်တာနက်

လော့စ်အန်ဂျလိစ်၊ မတ်၂၄ရက် (ဆင်ဟွာ)

လော့စ်အန်ဂျလိစ်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် မတ်လ ၁၈ရက်က အလေးချိန် ပေါင်၇၀ရှိ ကိုကင်းများအား လေယာဉ်ဖြင့်မှောင်ခိုသယ်ဆောင်ရန် ကြိုးပမ်းခဲ့သူ လေယာဉ်မယ်တစ်ဦးသည် မတ်လ ၂၃ရက်နေ့က အာဏာပိုင်များ ထံ၌ ကိုယ်တိုင်လာရောက် အဖမ်းခံခဲ့ကြောင်း သိရသည်။

Jet Blue လေကြောင်းလိုင်း လေယာဉ်မယ် နှင့် ဂျမေကာ အလှမယ် ဟောင်း ဖြစ်သူ Marsha Gay Reynolds သည် နယူးယောက်မြို့ရှိ အမေရိကန် မူးယစ်ဆေးဝါး ထိန်းချုပ်ရေး အေးဂျင့်များထံ မတ်လ ၂၃ရက်နေ့က ကိုယ်တိုင်လာရောက် အဖမ်းခံခဲ့ပြီး မတ်လ ၂၄ရက်နေ့တွင် စတင်ကာ တရားရင်ဆိုင်ရမည်ဖြစ်ကြောင်း သိရသည်။ ၎င်းသည် ကိုကင်းဖြန့်ဖြူးရန် ရည်ရွယ်ချက်ရှိရှိလက်ဝယ်ကိုင်ဆောင်သည့် အမှုဖြင့်ရင်ဆိုင်ရမည် ဖြစ်ကြောင်း သိရသည်။

Reynolds အား မတ်လ ၁၈ရက်နေ့တွင် လော့စ်အန်ဂျလိစ်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လေဆိပ်လုံခြုံရေး အရာရှိတစ်ဦး က ၎င်း၏ ခရီးဆောင်အိတ်အား စစ်ဆေးရန်ရပ်တန့်စေခဲ့ပြီးနောက် ၎င်းသည် ၎င်းစီးထားသော ဒေါက်ဖိနပ်ကို ချွတ်ပစ်ကာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

Reynolds ကျန်ခဲ့သည့် ခရီးဆောင်အိတ်အား စစ်ဆေးရာ၌ သီးခြားစီ ထုတ်ထားသည့် ကိုကင်းထုတ် ၁၁ထုတ်ကို တွေ့ရှိခဲ့ရကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.