Connect with us

North America

ကနေဒါနိုင်ငံ တွင် လေယာဉ် ပျက်ကျမှုကြောင့် ၇ ဦး သေဆုံး

ကနေဒါနိုင်ငံ ကွီဘက်ပြည်နယ်တွင် ပျက်ကျခဲ့သည့် လေယာဉ်ငယ်အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အော့တဝါ၊ မတ် ၃၀ ရက် (ဆင်ဟွာ)

ကနေဒါနိုင်ငံ ကွီဘက်ပြည်နယ် တွင် မတ်လ ၂၉ ရက်က လေယာဉ်ငယ် တစ်စီး ပျက်ကျခဲ့မှုကြောင့် လူ ၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

စိန့်လောရန့် ပင်လယ်ကွေ့ ရှိ Îles-de-la-Madeleine ကျွန်းတွင် ရာသီဥတု ဆိုးရွားမှုကြောင့် လေယာဉ် ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်၌ လိုက်ပါလာသူ လေယာဉ်မှူး တစ်ဦးနှင့် ခရီးသည် ၆ ဦး သေဆုံးခဲ့ကြောင်း ရဲသတင်းများကို ကိုးကား၍ သတင်း မီဒီယာများက ဖော်ပြခဲ့သည်။

ရဲတပ်ဖွဲ့က ပုဂ္ဂလိကပိုင် လေယာဉ်ငယ်သည် လေဆိပ်သို့ ချဉ်းကပ်လာသည့် နံနက် ၁၁း၄၀ နာရီ တွင် လေတိုက်နှုန်း ပြင်းထန်ခြင်းနှင့် ဆီးနှင်းများ ထူထပ်စွာ ကျဆင်းနေသောကြောင့် ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လေယာဉ်ပျက်ကျမှု အကြောင်းရင်းအား ဆက်လက် စုံစမ်းနေကြောင်း သိရသည်။ (Xinhua)