Connect with us

North America

အမေဇုံက ကမ္ဘာ့တန်ဖိုးအကြီးဆုံးအများပိုင်ကုမ္ပဏီဖြစ်လာ

ကမ္ဘာကျော် အမေဇုံ ကုမ္ပဏီ အမှတ်တံဆိပ်အားတွေ့ ရစဉ်(ဆင်ဟွာ)

နယူးယောက် ၊ ဇန်နဝါရီ ၈ ရက်(ဆင်ဟွာ)

e-စီးပွားရေးလုပ်ငန်းစုဖြစ်သော အမေဇုံသည် ဇန်နဝါရီ ၇ ရက် စတော့ဈေးကွက်ပိတ်သိမ်းချိန်တွင် ကမ္ဘာ့အကြီးဆုံး အများပိုင်ကုမ္ပဏီလုပ်ငန်းစုကြီးဖြစ်သော မိုက်ခရိုဆော့ခ်(Microsoft) ကို ကျော်၍ ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကုမ္ပဏီကြီးဖြစ်လာခဲ့သည်။

ယင်းနေ့တွင် အမေဇုံ၏စတော့ရှယ်ယာတစ်ခုပေါက်ဈေးမှာ ၃.၄၄ ရာခိုင်နှုန်းအထိမြင့်တက်ကာ အမေရိကန်ဒေါ်လာ ၁၆၂၉.၅၁ ထိရောက်ရှိခဲ့ပြီးနောက် ဈေးပိတ်ချိန်၌ ကုမ္ပဏီတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၇၉၆.၇၈ ဘီလီယံထိ ရောက်ရှိခဲ့ကြောင်း သိရသည်။

မိုက်ခရိုဆော့ခ်၏ ရှယ်ယာဈေးနှုန်းသည်လည်း ဝ.၁၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၎င်း၏ ဈေးကွက်မတည်ရင်းနှီးငွေမှာ အမေရိကန်ဒေါ်လာ ၇၈၃.၅၇ ဘီလီယံအထိရောက်ရှိသွားခဲ့သည်။ မိုက်ခရိုဆော့ခ် နှင့် ကေရိုဂျာ(Kroger) တို့သည် အမေဇုံ၏ ခရက်ဒစ်ကတ်သိမ်းဆည်းရေးစနစ်ကို ၎င်းတို့၏ ကိုယ်ပိုင်ကနဦးစီမံကိန်း အစီအစဉ်အတွက် စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

Kroger နည်းပညာကုမ္ပဏီသည် စမတ်နည်းပညာစနစ်ကို အကောင်အထည်ဖော်ခဲ့ပြီး မိုက်ခရိုဆော့ခ် Azure နှင့် LoT ဆင်ဆာများဖြင့် ချိတ်ဆက်ကာ မွန်ရိုး ၊ အိုဟိုင်းအိုး နှင့် ရက်မွန် ၊ ဝါရှင်တန် စသည့်မြို့များရှိ ကုမ္ပဏီရုံးချုပ်များအနီးတွင် ကနဦးစီမံကိန်းအစီအစဉ်အတွက် သိမ်းဆည်းရေးစနစ်နှစ်ခုကို လွှဲပြောင်းယူရန် စီစဉ်နေကြောင်း မိုက်ခရိုဆော့ခ်၏ ဇန်နဝါရီ ၇ ရက်က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။

အက်ပဲလ်(Apple) အမှတ်တံဆိပ်မှာလည်း ဈေးကွက်တန်ဖိုးတွင် အမေရိကန်ဒေါ်လာ ၇ဝ၁.၉၉ ဘီလီယံအထိ ကျဆင်းသွားသောကြောင့် တန်ဖိုးအကြီးဆုံးကုမ္ပဏီအမှတ်တံဆိပ်တစ်ခုအဖြစ်မှ အဆင့်လျော့ကျခဲ့ရသည်။ ၂ဝ၁၉ ဘဏ္ဍာရေးနှစ် ပထမ ရက်သတ္တပတ်အတွက် ကုမ္ပဏီ၏ ဈေးကွက်တန်ဖိုးကျဆင်းခဲ့ပြီးနောက် ၎င်း၏ စတော့ရှယ်ယာဈေးနှုန်းမှာ ပြီးခဲ့သောရက်သတ္တပတ်သည် ရက်သတ္တပတ်ပေါင်း ၅၂ ပတ်အတွင်း အနိုမ့်ဆုံးအဆင့်သို့ရောက်ရှိခဲ့ခြင်းဖြစ်သည်။ (Xinhua)