Connect with us

North America

အမေရိကန်နိုင်ငံ၏ ၄၅ ယောက် သမ္မတအဖြစ် ဒေါ်နယ်ထရမ့် ကျမ်းကျိန်

အမေရိကန်နိုင်ငံ၏ ၄၅ ယောက်သမ္မတအဖြစ် ဒေါ်နယ်ထရမ့် ကျမ်းသစ္စာကျိန်ဆိုနေစဉ် (ဆင်ဟွာ)

ဝါရှင်တန် ၊ ဇန်နဝါရီ ၂ဝ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ ကက်ပီတို ( Capitol) အဆောက်အအုံ၌ဇန်နဝါရီလ ၂ဝ ရက်တွင် အမေရိကန်နိုင်ငံ၏ ၄၅ ယောက် သမ္မတအဖြစ် ဒေါ်နယ်ထရမ က့်် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သိရသည်။

ဒေါ်နယ်ထရမ့်ကို ၁၉၄၆ ခုနှစ် ဇွန်လ ၁၄ ရက်တွင် နယူးယောက်မြို့၌ မွေးဖွားခဲ့သည်။ ၎င်းသည် ၁၉၆၈ ခုနှစ်တွင် Pennsylvania တက္ကသိုလ်၊ Wharton School of Business တို့ မှ ဘွဲ့ရခဲ့ပြီး ဖခင်ဖြစ်သူ၏ အိမ်ခြံမြေလုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ၎င်းသည် ၁၉၇၁ ခုနှစ်တွင် ကုမ္ပဏီကို ဦးဆောင်သူဖြစ်ခဲ့ပြီး ဆယ်စုနှစ်များစွာ စီးပွားရေးလုပ်ငန်းများကို တိုးချဲ့ခဲ့သည်။ဒေါ်နယ်ထရမ့်သည် လွန်ခဲ့သော နှစ်များတွင် ကာစီနိုလောင်းကစားရုံး ၊ ဂေါက်ရိုက်ကွင်းများ နှင့် ၎င်းကိုယ်တိုင် ထုတ်လုပ်သူ ပြုလုပ်ခဲ့သည့် ရုပ်သံအစီအစဉ်များ နှင့် ကမ္ဘာ့အလှမယ်ပြိုင်ပွဲများကို ကျင်းပခဲ့ကြောင်း သိရသည်။

ကမ္ဘာကျော် Forbes မဂ္ဂဇင်းက ထရမ့်၏ ပိုင်ဆိုင်မှုကို အမေရိကန်ဒေါ်လာ ၄.၅ ဘီလီယံရှိကြောင်း ခန့်မှန်းထားပြီး ၎င်းကိုယ်တိုင်ကမူ ၁ဝ ဘီလီယံထိ ကြွယ်ဝချမ်းသာကြောင်း ဆိုထားသည်။ဒေါ်နယ်ထရမ့်ကို သမ္မတလောင်းအဖြစ် အဓိကနိုင်ငံရေးပါတီများက အစောပိုင်းက ထောက်ခံအားပေးခဲ့ကြပြီး ၂ဝ၁၅ ခုနှစ် ဇွန်လတွင် ၎င်းသည် သမ္မတရွေးကောက်ပွဲ ဝင်ပြိုင်မည်ဟု ထုတ်ဖော်ကြေညာခဲ့သည်။

ထရမ့်သည် ယခင်က အစိုးရတာဝန် လုပ်ကိုင်ဆောင်ရွက်ခဲ့ဖူးခြင်းမရှိပေ။ဒေါ်နယ်ထရမ့်၏ ရွေးကောက်ပွဲ ကြွေးကြော်သံ မှာ“ Make America Great Again” ဖြစ်ပြီး အမျိုးသားလုံခြုံရေး နှင့် အမေရိကန်ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းသစ်များဖန်တီးပေးမည်ဖြစ်ကြောင်းမဲဆွယ်စည်းရုံးခဲ့သည်။ဒေါ်နယ်ထ၇မ့်သည် အမေရိကန်-မက္ကဆီကို နယ်စပ်ကို တံတိုင်းကာရံပြီး တရားမဝင်ရွှေ့ပြောင်းဝင်ရောက်သူများကို ဟန့်တားသွားမည်ဟု ဆိုထားသည်။

ပြီးခဲ့သော နိုဝင်ဘာလက ကျင်းပခဲ့သည့် အမေရိကန်သမ္မတရွေးကောက်ပွဲ၌ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဟီလာရီကလင်တန်အား အနိုင်ရပြီးချိန်တွင် ဒေါ်နယ်ထ၇မ့်ကစီးပွားရေးလုပ်ငန်းရှင်များ နှင့် စစ်ပြန်ဟောင်းများ ကို အစိုးရအဖွဲ့ဝင်များအဖြစ်အမည်စာရင်းတင်သွင်းခဲ့ခြင်း ကြောင့် မေးခွန်းထုတ်ခံခဲ့ရသည်။ ထို့ပြင် ရုရှားနိုင်ငံနှင့် ဆက်ဆံရေး ပျော့ပြောင်းခြင်းအပေါ်လည်း မေးခွန်းထုတ်ခံခဲ့ရပြီး အမေရိကန်ထောက်လှမ်းရေးအဖွဲ့များက သမ္မတမဲဆွယ်ပွဲတွင် ရုရှားနိုင်ငံက ဝင်ရောက်နှောင့်ယှက်မှုများရှိကြောင်း စွပ်စွဲမှုများ ရှိခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.