Connect with us

North America

အိုင်အက်စ်အား ထောက်ပံ့သည်ဟု စွပ်စွဲခံရသည့် အမေရိကန် စစ်သား ဟာဝိုင်အီတွင် ဖမ်းဆီးခံရ

အမေရိကန်နိုင်ငံ ဟိုနိုလူလူနယ်မြေရှိ Schofield စစ်တမ်းလျားများအခြေစိုက် ခြေလျင်တပ်ခွဲ ဂိတ်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

လော့စ်အိန်ဂျလိစ်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

အိုင်အက်စ် အစွန်းရောက်အဖွဲ့အား ပစ္စည်းများ ထောက်ပံ့ခြင်းနှင့် လေ့ကျင့်သင်ကြားပေးခြင်း ပြုလုပ်ရန် ကြိုးပမ်းခဲ့သည်ဟု စွပ်စွဲခံထားရသော တမ်းပြည့် စစ်မှုထမ်း စစ်သား အသက် ၃၄ နှစ်အရွယ် Ikaika Erik Kang ဖမ်းဆီးခဲ့ကြောင်း FBI က ဇူလိုင်လ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

Hawaii News Now ဝက်ဘ်ဆိုဒ်အရ အဆိုပါ သံသယရှိသူအား ဟာဝိုင်အီပြည်နယ် မြို့တော် ဟိုနိုလူလူရှိ ၎င်း၏ နေအိမ်၌ ဇူလိုင်လ ၈ ရက် ညနေပိုင်းက ဖမ်းဆီးမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကြည်းတပ်နှင့် တွဲဖက်ကာ လေကြောင်း ထိန်းချုပ်ရေး လုပ်ကိုင်သူ Kang သည် ဟိုနိုလူလူနယ်မြေရှိ Schofield စစ်တန်းလျားများအခြေစိုက် ခြေလျင်တပ်ခွဲ ၂၅ တွင် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။

၎င်းသည် ၂၀၁၀ ခုနှစ်က အီရတ်တွင်လည်းကောင်း၊ ၂၀၁၄ ခုနှစ်က အာဖဂန်နစ္စတန်တွင်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။

၎င်း၏ စစ်မှုထမ်းသက်တမ်းအတွင်း Army Commendation ဆု၊ Army Achievement ဆု၊ Global War on Terrorism Service ဆုနှင့် Army Good Conduct ဆုတို့ အပါအဝင် ဆုပေါင်း ၁၀ ခုရရှိခဲ့ကြောင်း သိရသည်။

သို့ရာတွင် Kang သည် အိုင်အက်စ် သစ္စာခံကြောင်း၊ စစ်တပ် အထောက်အထားများအား ထောက်ပံ့ရန် ကြိုးစားမှုနှင့် အကြမ်းဖက် အဖွဲ့အစည်းကို လေ့ကျင့်သင်ကြားပေးကြောင်း စွပ်စွဲခံရကာ ပြည်ထောင်စု တရားရုံးတွင် တရားစွဲထားကြောင်း သိရသည်။

ဟိုနိုလူလူ FBI အထူးအေးဂျင့် တာဝန်ရှိသူ ပေါလ် ဒီ.ဒဲလ်လာကော့က တာဝန်ရှိသူများအနေဖြင့် Kang အား တစ်ကိုယ်တော် တိုက်ခိုက်ရေးသမားဟု ယုံကြည်ရကြောင်း၊ ဟာဝိုင်အီကို အကြမ်းဖက် ခြိမ်းခြောက်မှု ပြုလုပ်နိုင်သော မည်သည့်အဖွဲ့တွင်မှ မပါဝင်ကြောင်း ပြောခဲ့သည်။

ပြည်ထောင်စု တရားရုံးတွင် Kang ၏ ပထမဆုံးသော ကြားနာခြင်းကို ဇူလိုင်လ ၁၀ ရက် နေ့လည်ပိုင်းတွင် ပြုလုပ်မည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.