Connect with us

North America

၂၀၁၆ ခုနှစ် ဖို့ဘ် မဂ္ဂဇင်း၏ နည်းပညာ နယ်ပယ်တွင် အချမ်းသာဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်း၌ အမေရိကန်နှင့် တရုတ် လွှမ်းမိုး

မိုက်ခရိုဆော့ဖ် တည်ထောင်သူ ဘီလ်ဂိတ် (ဝဲ) နှင့် အလီဘာဘာ တည်ထောင်သူ ဂျက်မာ (ယာ) တို့အား တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)

ဖို့ဘ် မဂ္ဂဇင်း၏ ၂၀၁၆ ခုနှစ်အတွက် နည်းပညာ နယ်ပယ်၌ ချမ်းသာဆုံး ပုဂ္ဂိုလ် ၁၀၀ ဦး စာရင်းအား ထုတ်ပြန် ခဲ့ရာ ၎င်းတို့အနက် ၇၅ ရာခိုင်နှုန်းမှာ အမေရိကန်နှင့် တရုတ်နိုင်ငံတို့မှ ဖြစ်ပြီး နည်းပညာ တည်ထောင်သူ ၅၁ ရာခိုင်နှုန်းနှင့် ရင်းနှီးမြှုပ်နှံသူ ၂၄ ရာခိုင်နှုန်း စသဖြင့် အသီးသီး နေရာယူထားကြောင်း သိရသည်။

မိုက်ခရိုဆော့ဖ် တည်ထောင်သူ ဘီလ်ဂိတ်သည် နည်းပညာနယ်ပယ်၌ အချမ်းသာဆုံး ဘီလျံနာနှင့် ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် ဆက်လက် နေရာယူထားဆဲ ဖြစ်ကာ ချမ်းသာကြွယ်ဝမှုမှာ အနည်းဆုံး ဒေါ်လာ ၇၈ ဘီလီယံ ခန့် ရှိသည်ဟု ဆိုသည်။
အမေဇုံ ကုမ္ပဏီ တည်ထောင်သူနှင့် စီအီးအို ဂျက်ဖ် ဘီဇို့စ် (Jeff Bezos) သည် ဒေါ်လာ ၆၆.၂ ဘီလီယံဖြင့် ဒုတိယနေရာ တွင် ရှိနေပြီး ၎င်း၏ နောက်တွင် ယခင်နံပါတ် လေးနေရာမှ ယခုနှစ်အတွက် နံပါတ် သုံးနေရာသို့ ရောက်ရှိ လာခဲ့သည့် ဖေ့ဘွတ် တည်ထောင်သူ မာ့ခ် ဇူကာဘတ်က ပိုင်ဆိုင်မှု ဒေါ်လာ ၅၄ ဘီလီယံဖြင့် ရပ်တည်ခဲ့သည်။
ထို့ပြင် တရုတ်နိုင်ငံ၏ အလီဘာဘာ e-commerce လုပ်ငန်း အုပ်စု တည်ထောင်သူ ဂျက်မာက ပိုင်ဆိုင်မှု ဒေါ်လာ ၂၅.၈ ဘီလီယံဖြင့် အာရှတွင် အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် ၎င်း၏ နေရာအား ဆက်လက် ထိန်းသိမ်း ထားနိုင်ခဲ့သည်။
တရုတ်နိုင်ငံမှ Tencent အင်တာနက် မီဒီယာ ကုမ္ပဏီ တည်ထောင်သူနှင့် စီအီးအို မာ ဟွာတန်းသည်ထိပ်တန်း ၁၀ ဦး စာရင်းဝင်ခဲ့ပြီး တရုတ်နိုင်ငံမှ နည်းပညာ လုပ်ငန်းရှင် ၂၄ ဦးသည်လည်း ဖို့ဘ် မဂ္ဂဇင်း၏ ထိပ်တန်းစာရင်း၌ ပါဝင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.