Connect with us

North America

မဲဆွယ်ပွဲအတွက် ဟီလာရီ၏ ရုပ်သံအသုံးပြုခ ဒေါ်လာ ၈၉ သန်း ရှိ ၊ ဒေါ်နယ်ထရမ့်ထက် ၁ဝဆ ပိုများဟု ဆို

အမေရိကန်သမ္မတရာထူးအတွက် ဟီလာရီ နှင့် ဒေါ်နယ်ထရမ့် တို့အပြိုင် မဲဆွယ်နေကြစဉ် ( ဆင်ဟွာ)

ဝါရှင်တန် ၊ သြဂုတ် ၁၁ ရက်(ဆင်ဟွာ)

အမေရိကန် ဒီမိုကရက်ပါတီသမ္မတလောင်း ဟီလာရီကလင်တန် နှင့် ၎င်းအား ထောက်ခံသူများ၏ ရုပ်သံအသုံးပြုမဲဆွယ်ခမှာ အမေရိကန်ဒေါ်လာ ၈၉ သန်းရှိကြောင်း နှင့် ၎င်းက ၂ဝ၁၆ ခုနှစ် ဇူလိုင်လတွင် ဟီလာရီအား ဒီမိုကရက်တစ်ပါတီ၏ သမ္မတလောင်းအဖြစ် တရားဝင် အမည်စာရင်းတင်သွင်းပြီးနောက် အသုံးပြုခဲ့သည့် ငွေပမာဏသာဖြစ်ကြောင်း သိရသည်။

ထိုငွေများတွင် ဟီလာရီ၏ ကိုယ်ပိုင်ငွေ ၅၂ သန်းပါဝင်ပြီး ကျန် ၃၇သန်းမှာ ၎င်း အား ထောက်ခံသူများက ထည့်ဝင်သောငွေများဖြစ်ကြောင်း မကြာသေးခင်က ထုတ်ပြန်လိုက်သည့် NBC အစီရင်ခံစာတွင်ဖော်ပြထားသည်။
ရီပက်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်အနေဖြင့် TV ရုပ်သံထက်က မဲဆွယ်မှုအတွက် ကိုယ်ပိုင် ငွေကြေးတစ်ပြားတစ်ချပ်မှ အသုံးပြုခဲ့ခြင်းမရှိဘဲ ရုပ်သံအတွက် စုစုပေါင်း အသုံးပြုခဲ့သော အမေရိကန်ဒေါ်လာ ၈.၂ သန်းမှာ ၎င်းအားထောက်ခံသူများ ထည့်ဝင်သော ငွေကြေးများဖြစ်ကြောင်းသိရသည်။
ထိုသို့ရုပ်သံကြော်ငြာကို များစွာအသုံးပြုခြင်းမရှိသော်လည်း အိမ်ခြံမြေလုပ်ငန်းရှင်(ဟောင်း) ထရမ့် အား ထိခိုက်စေမည်မဟုတ်ကြောင်း ၊ ၎င်းသည် လူသိများစေရန် အင်တာနက်ကို အသုံးပြုခြင်းကို ပို၍ နှစ်သက်သူ တစ်ဦးဖြစ်ကြောင်း သိရသည်။
ဒေါ်နယ်ထရမ့်သည် အွန်လိုင်းအသုံးပြုခြင်းဖြင့် အမေရိကန်ဒေါ်လာ ၂ ဘီလီယံ နှင့်ညီမျှသည့် ရုပ်သံမဲဆွယ်ခြင်း နှင့် အပြန်အလှန်ပြောဆိုခြင်းများစွာကို ပိုင်ဆိုင်ခွင့်ရရှိခဲ့ပြီး ရွေးကောက်ပွဲမတိုင်မီတွင် ၅ ဘီလီယံအထိ ရောက်ရှိသွားနိုင်ကြောင်း ခန့်မှန်းထားကြသည်။
ဟီလာရီကလင်တန်သည် ဇူလိုင်လတွင် လူမှုကွန်ရက်စာမျက်နှာပေါ်၌ အပြန်အလှန်ဆွေးနွေးမှုပေါင်း ၇၂ သန်းရရှိခဲ့ပြီး ထရမ့်နှင့်ကွာဟမှုကို ကျဉ်းမြောင်းစေခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.