Connect with us

North America

မက္ကဆီကိုတွင် အပူပိုင်းမုန်တိုင်း Earl ကြောင့် အနည်းဆုံး လူ ၃၈ ဦးသေဆုံး

မက္ကဆီကိုနိုင်ငံVeracruz ပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားနေစဉ် (ဓာတ်ပုံ-အင်တာနက်)

မက္ကဆီကို စီးတီး ၊ သြဂုတ် ၈ ရက်(ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံ၌ သြဂုတ် ၇ ရက်တွင် အပူပိုင်းမုန်တိုင်းတိုက်ခတ်မှုဒဏ်ကြောင့် အနည်းဆုံး လူပေါင်း ၃၈ ဦးသေဆုံးကြောင်း အာဏာပိုင်များက ပြောကြားသည်။

သြဂုတ် ၇ ရက်ည ပိုင်းတွင် တိုက်ခတ်ခဲ့သော အပူပိုင်းမုန်တိုင်းကြောင့် နိုင်ငံအလယ်ပိုင်း Puebla မြို့တွင် အနည်းဆုံးလူပေါင်း ၂၈ ဦး သေဆုံးကြောင်း နှင့် ယင်းအချိန်မှာပင် နိုင်ငံ၏ အရှေ့ပိုင်း Veracruz ပြည်နယ်၌ လူ ၁ဝ ဦးသေဆုံးကြောင်း တာဝန်ရှိသူများ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Puebla မြို့၌ သေဆုံးခဲ့သူများတွင် ၁၃ ဦးမှာ Huauchinango ဒေသန္တရမြို့ငယ် မှဖြစ်ပြီး မုန်တိုင်းနှင့်အတူ မိုးသီးမိုးပေါက်များဒဏ်ကို ၂၄ နာရီကြာ အပြင်းအထန်ခံစားခဲ့ရကြောင်းဆိုသည်။ Xaltepec တွင် မြေပြိုမှုများဖြစ်ပွားခဲ့ရာ အနည်းဆုံးလူပေါင်း ၁၁ ဦးသေဆုံးပြီး ၎င်းတို့ထဲတွင် ကလေးငယ် ၉ ဦးပါဝင်ကြောင်းသိရသည်။
Veracruz ပြည်နယ် Huayacocotla ဒေသန္တရမြို့ငယ် ၌ ဖြစ်ပွားခဲ့သော မြေပြိုမှုကြောင့် မိသားစုတစ်ခုထဲမှ လူ လေးဦး သေဆုံးပြီး ပြည်နယ်တွင်းရှိ နောက်ထပ် လူ ၆ ဦးလည်းသေဆုံးသွား ကြောင်း သိရသည်။
သေဆုံးသူအားလုံး၏ ရုပ်အလောင်းများကို ပြန်လည်ရှာဖွေ တွေ့ရှိထားပြီဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကာကွယ်ရေးဗျူရိုက သတင်းထုတ်ပြန်သည်။ စိုးရိမ်ရေမှတ်ကျော်လွန်နေသည့် မြစ်ရေကြီးမှု အခြေအနေများကိုလည်း အနီးကပ်ဆက်လက် စောင့်ကြည့်နေကြောင်း Veracruz ပြည်နယ်အုပ်ချုပ်ရေးမှူး Javier Duarte ကပြောကြားသည်။ ပြည်နယ်အစိုးရအနေဖြင့် မိုးသည်းထန်စွာရွာသွန်းနေမှုကြောင့် အဓိကမြစ်ကြီးများ၏ ကမ်းနားတစ်လျှောက်တွင်နေထိုင်ကြသည့် ဒါဇင်ပေါင်းများစွာသော ပြည်သူများကို ဘေးလွတ်ရာသို့ပြောင်းရွှေ့ထားကြောင်းပြောသည်။ သို့သော် အပူပိုင်းမုန်တိုင်း Earl သည် မက္ကဆီကိုနိုင်ငံအလယ်ပိုင်းရှိ တောင်တန်းများကို ကျော်ဖြတ်ပြီးချိန်တွင် စတင်အားလျော့သွားဖွယ် ရှိကြောင်း မျှော်လင့်ထားသည်။
အဆိုပါ အပူပိုင်းမုန်တိုင်း Earl သည် မက္ကဆီကို နိုင်ငံကို ဝင်ရောက်တိုက်ခတ်ခြင်းမပြုမီ ဟွန်ဒူးရပ်စ် နှင့် ဘဲလိဇ် တို့အားဝင်ရောက်တိုက်ခတ်ခဲ့ရာ လှေများတိမ်းမှောက်ခြင်း နှင့် လူနေအိမ်များ ပျက်စီးခြင်းများလည်း ဖြစ်ပေါ်စေခဲ့သည်။
သို့သော် မက္ကဆီကိုနိုင်ငံသို့နောက်ထပ်ဝင်ရောက်ဖွယ်ရှိသည့် မုတ်သုန်မုန်တိုင်းများသည် ယခုတိုက်ခတ်သွားသည့် မုန်တိုင်းထက် ပို၍ ဆိုးဝါးဖွယ်ရှိနေကြောင်း Javier က ခန့်မှန်းပြောဆိုထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.