Connect with us

North America

လူနေထိုင်မှုစရိတ် ကမ္ဘာ့ဈေးအကြီးဆုံး နယူးယောက်မြို့တော်

အမေရိကန်နိုင်ငံ နယူးယောက်မြို့ညကွင်းမြင်အားတွေ့ရစဉ်(ဆင်ဟွာ)

နယူးယောက် ၊ သြဂုတ် ၇ (ဆင်ဟွာ)

ဥရောပသမဂ္ဂမှ ဗြိတိန်နိုင်ငံထွက်ခွာခဲ့ပြီးနောက်ပိုင်း ပြုလုပ်သော စစ်တမ်းများအရ နယူးယောက်မြို့သည် လန်ဒန်မြို့ကို ကျော်ဖြတ်၍ လူနေထိုင်မှုစရိတ် ကမ္ဘာ့ဈေးအကြီးဆုံး မြို့တော်အဖြစ် ရှေ့ဆုံးတွင် ရပ်တည်နေကြောင်း သိရသည်။

အီးယူမှ ဗြိတိန်နှုတ်ထွက်ခြင်း (Brexit ) မဲခွဲဆုံးဖြတ်မှုအပြီးတွင် စတာလင်ပေါင် မှာ အမေရိကန်ဒေါ်လာနှင့်နှိုင်းယှဉ်ပါက သိသိသာသာငွေတန်ဖိုး ကျဆင်းသွားကြောင်း စစ်တမ်းက ဆိုသည်။ အဆိုပါ သုသေတနစစ်တမ်းကောက်ယူခြင်းကို အိမ်ခြံမြေအကျိုးဆောင် Savills က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာမြို့အသီးသီး၌ အလုပ်လုပ်ရင်း အိမ်ခန်းငှားရမ်းနေထိုင်ကြသူများ၏ တစ်နှစ်တာ ကုန်ကျစရိတ်အပေါ် အချက်အလက် ကောက်ယူခဲ့ခြင်းဖြစ်သည်။
နယူးယောက်မြို့၌ အလုပ်လုပ်ကိုင်နေကြသူများ၏ နေထိုင်မှုစရိတ်သည် ပြီးခဲ့သော နှစ်တွင် ၂ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ကြောင်း ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလမှ စတင်ကာ အမေရိကန်ဒေါ်လာ ၁၁၄,ဝ၁ဝ ထိ မြင့်တက်ခဲ့ကြောင်းသိရသည်။ ဟောင်ကောင်မြို့၏ တစ်နှစ်တာ လူနေထိုင်မှုစရိတ်သည် ၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁ဝဝ,၉၈၄ ထိရှိခဲ့ကြောင်းသိရသည်။
အင်္ဂလန်နိုင်ငံ လန်ဒန်မြို့သည် လူနေထိုင်မှုစရိတ် ဈေးအကြီးဆုံးမြို့အဖြစ် နှစ်နှစ်ခွဲ ခန့်ထိပ်ဆုံးနေရာ ၌ ရပ်တည်ခဲ့သည်။ သို့သော် ယခုအခါ ကုန်ကျစရိတ်သည် ၁၁ ရာခိုင်နှုန်းအထိ ကျဆင်းသွားရာ အမေရိကန်ဒေါ်လာ ၁ဝဝ,၁၄၁ ဖြင့် အဆင့်သုံး၌ သာ ရပ်တည်နေတော့ကြောင်းသိရသည်။ ထိုသို့ဖြစ်ရခြင်းမှာ ဥရောပသမဂ္ဂမှ ဗြိတိန်နိုင်ငံ နှုတ်ထွက်ရန် ပြည်သူများက မဲပေးဆုံးဖြတ်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း စစ်တမ်းများက ဆိုသည်။
“ အီးယူကထွက်ဖို့လုပ်လိုက်တာဟာ လန်ဒန်အတွက်ပြိုင်ဆိုင်မှုပိုများလာတယ်။ အနည်းဆုံး လူနေထိုင်မှုစရိတ်စည်းမျဉ်းစည်းကမ်းတွေလည်းပါတာပေါ့” ဟု Savills အဖွဲ့ခေါင်းဆောင် Yolande Barnes ကပြောကြားသည်။
ဂျပန်နိုင်ငံ တိုကျိုမြို့၏ နေထိုင်မှုစရိတ်သည် ၂၂ ရာခိုင်နှုန်းထိ တိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၈၅၃၃၄ ဖြင့် စတုတ္ထနေရာသို့တက်လှမ်းခဲ့ကြောင်းသိရသည်။“ ဒါဟာ တိုကျိုမြို့အတွက် သိပ်ကိုအရေးကြီးပါတယ်”ဟု Barnes က ပြောကြားခဲ့ပြီး တိုကျိုမြို့၌ တန်ဖိုး သိပ်မရှိသောနေရာများသည် အနာဂတ်တွင် တန်ဖိုးကြီးကြီးဖြင့် ငှားရမ်းနေထိုင်ရမည့် အကျိုးဆက်များဖြစ်လာနိုင်သည်။
ပါရီ ၊ ဆန်ဖရန်စစ္စကို ၊ စင်ကာပူ ၊ ဒူဘိုင်း ၊ ဆစ်ဒနီ နှင့် လော့အိန်ဂျလိစ်မြို့များသည် တိုကျိုမြို့နောက် ကမ္ဘာ့နေထိုင်မှုဈေးအကြီးဆုံးမြို့များအဖြစ် အသီးသီးရပ်တည်နေကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.