Connect with us

Europe

အီတလီနိုင်ငံတွင် သေနတ်ပစ်ခတ်မှုကြောင့် မိန်းကလေးငယ် ၁ ဦးအပါအဝင် လူ ၃ ဦး ဒဏ်ရာရ

အီတလီနိုင်ငံရှိ ဆေးရုံကားတစ်စင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရောမ၊ မေ ၄ ရက် (ဆင်ဟွာ)

အီတလီနိုင်ငံ နေပယ်လ်မြို့လယ်နေရာတွင် မေလ ၃ ရက်နေ့လယ်ပိုင်းက လူစုလူဝေးအတွင်းသို့ သေနတ်ပစ်ခတ်မှုကြောင့် လူ ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး ၂ ဦးမှာ စိုးရိမ်ဖွယ်အခြေအနေတွင်ရှိကြောင်း ဒေသခံမီဒီယာက သတင်းဖော်ပြခဲ့သည်။

ရဲတပ်ဖွဲ့၏ မှတ်တမ်းအရ အသက် ၃၂ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ သေနတ်ကျည်ဆံများစွာ ထိမှန်မှုကြောင့် စိုးရိမ်ဖွယ်အခြေအနေဖြင့် ဆေးရုံသို့ ရောက်ရှိသွားခဲ့ကြောင်း အီတလီ သတင်းအေဂျင်စီ ANSA က သတင်းဖော်ပြခဲ့သည်။

ထို့ပြင် အသက် ၅ နှစ်အောက် မိန်းကလေးငယ်တစ်ဦးနှင့် အသက် ၅၀ နှစ်အရွယ် ၎င်း၏ အဘွားတို့လည်း ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့နှစ်ဦးလုံးအား ဆေးရုံတင်ထားရကြောင်း ANSA ထံမှသိရသည်။

ဆရာဝန်များ၏အဆိုအရ သေနတ်ကျည်မှာ မိန်းကလေးငယ်၏အဆုတ်များကို ထိုးဖောက်သွားသည့်အတွက် စိုးရိမ်ဖွယ်အခြေအနေတွင်ရှိနေကြောင်း ဒေသခံ Il Mattino di Napoli သတင်းစာက ဖော်ပြထားသည်။

အဆိုပါ မိန်းကလေးငယ်မှာ ၎င်း၏အဘွား၊ မိခင်နှင့် အခြားမိန်းကလေးငယ်တစ်ဦးတို့နှင့်အတူ ကော်ဖီဆိုင်တွင် ရှိနေစဉ် သေနတ်ကျည်ဆံက မိန်းကလေးငယ်၏ ပခုံးအား ထိမှန်သွားခဲ့ခြင်းဖြစ်ကြောင်း La Repubblica သတင်းစာက ရေးသားထားသည်။

ထိုသေနတ်ပစ်ခတ်မှုမှာ Naples မြို့လယ်အနီးရှိ လူသွားလူလာများသောနေရာ၌ ဒေသစံတော်ချိန် ညနေ ၅း၃၀ နာရီခန့်က စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.