ပေကျင်း ၊ မေ ၂၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ ရေကြောင်းကုန်စည်ပို့ဆောင်မှုပမာဏသည် ယခုနှစ် ပထမလေးလတာအတွင်း နှစ်အလိုက် ၄ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန၏ အချက်အလက်များတွင် ဖော်ပြထားသည်။
အစ္စလာမ်မာဘတ်၊ မေ ၂၂ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံအနေဖြင့် ပါကစ္စတန်-တရုတ် ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်ယုံကြည်မှုကို အမြင့်ဆုံးအဆင့်သို့ တွန်းပို့သွားမည်ဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် Shehbaz Sharif က မေ ၂၁ ရက်တွင် ကျင်းပသည့် တရုတ်-ပါကစ္စတန် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း (၇၁) နှစ်မြောက် နှစ်ပတ်လည်သို့...
ပေကျင်း ၊ မေ ၂၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက ယခုနှစ် ရေကြီးရာသီတွင် တုံ့ပြန်မှုဆောင်ရွက်ရန်အတွက် ယွမ်သန်း ၅၀၀ (အမေရိကန်ဒေါ်လာ ၇၄ သန်းခန့်) လျာထားကြောင်း တာဝန်ရှိသူများက မေ ၂၁ ရက်တွင် ပြောကြားခဲ့သည်။အဆိုပါရန်ပုံငွေအား ဘဏ္ဍာရေးဝန်ကြီးဌာန နှင့် ရေအရင်းအမြစ်ဝန်ကြီးဌာနတို့က ပူးတွဲခွဲဝေသတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပေကျင်း၊ မေ ၂၂ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကအမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အပါအဝင်အမေရိကန်နိုင်ငံသား၉၆၃ ဦးကို နိုင်ငံအတွင်းဝင်ရောက်ခွင့် အပြီးတိုင်ပိတ်ပင်ကြောင်းကို မေ ၂၁ ရက်တွင် ကြေညာခဲ့သည်။ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ယူကရိန်းသည် နိုင်ငံတကာမိတ်ဖက်များနှင့်အတူ ရုရှားပါဝင်ခြင်းမရှိသည့် လုံခြုံရေးအာမခံ စာချုပ်တစ်ရပ် ရေးဆွဲနေကြောင်း မေ ၂၁ ရက်က ပြောကြားခဲ့သည်။
ပေကျင်း ၊ မေ ၂၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က BRICS နိုင်ငံများအား အားလုံးအတွက် ကမ္ဘာ့လုံခြုံရေးအသိုက်အဝန်းတစ်ခု တည်ဆောက်ရန် မေ ၁၉ ရက် BRICS နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ဖွင့်ပွဲ၌ ရုပ်သံမိန့်ခွန်းတစ်ရပ် ပြောကြားရာတွင် တိုက်တွန်းခဲ့သည်။