ဆိုးလ် ၊ မေ ၁၀ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ သမ္မတ ယွန်းဆက်ယို (Yoon Suk-yeol)က ၎င်း၏ အစိုးရအဖွဲ့သစ်အနေဖြင့် ကိုရီးယားကျွန်းဆွယ်၏ နျူကလီးယားအရေးကိစ္စအား ငြိမ်းချမ်းစွာဖြေရှင်းရန် မြောက်ကိုရီးယားနိုင်ငံ(DPRK) နှင့် တွေ့ဆုံဆွေးနွေးရေး တံခါးဖွင့်ထားမည် ဖြစ်ကြောင်း မေ ၁၀ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ မေ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုသည် ပြည်နယ်အဆင့်ဒေသများစွာ၌ ကိုဗစ်-၁၉ ရောဂါ တစ်ကျော့ပြန်ဖြစ်ပွားနေသော်ငြားလည်း ယခုနှစ် ပထမလေးလတာကာလအတွင်း ကြံ့ကြံ့ခံရပ်တည်လျက် ဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန်ကို ဆက်လက်ထိန်းထားကြောင်း သိရသည်။
ပေကျင်း ၊ မေ ၁၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က ခေတ်သစ်တွင် တရုတ်လူငယ်များအနေဖြင့် ၎င်းတို့၏ အိပ်မက်များအား လက်တွေ့အကောင်အထည်ဖော်ရန် တောက်ပသည့် မျှော်လင့်ချက်များရှိကြောင်း မေ ၁၀ ရက်တွင် ပြောကြားခဲ့သည်။
မနီလာ ၊ မေ ၁၀ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံသမ္မတရွေးကောက်ပွဲတွင် အသက် ၆၄ နှစ်အရွယ် ဖာဒီနန်မားကို့စ်ဂျူနီယာသည် ၎င်း၏ အနီးကပ်ပြိုင်ဘက် အသက် ၅၇ နှစ်အရွယ် လက်ရှိဒုတိယသမ္မတ မာရီယာလီယိုနာရော်ဘရီဒိုအား မဲရေတွက်မှု ၈၃.၁ ရာခိုင်နှုန်းပြီးချိန်တွင် တရားဝင်အတည်မပြုရသေးသော ရလဒ်များအရ အနိုင်ရရှိခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ မေ ၁၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က တရုတ်ကွန်မြူနစ်ပါတီ(CPC) အနေဖြင့် လူငယ်လူရွယ်များအတွက် အမြဲတံခါးဖွင့်ပေးထားကြောင်း နှင့် ပါတီ၏ သွေးသစ်လောင်းမှုအတွက် ၎င်းလူငယ်များအား နွေးထွေးစွာ လက်ကမ်းကြိုဆိုလျက်ရှိကြောင်း ယနေ့ မေ ၁၀ ရက်တွင်ပြောကြားခဲ့သည်။