ထျန်းကျင်း ၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့၏ အိမ်နီးချင်းမြူနီစပယ်ဒေသတစ်ခုဖြစ်သည့် နိုင်ငံမြောက်ပိုင်း ထျန်းကျင်းမြို့၌ လူ ၂၀ ဦးထံတွင် COVID-19 ရောဂါ စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် မြို့လုံးကျွတ် နျူကလိစ်အက်စစ်စစ်ဆေးမှု စတင်ရန် ဆုံးဖြတ်လိုက်ကြောင်း အာဏာပိုင်များက ယနေ့ ဇန်နဝါရီ ၉ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
နယူးယောက်၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် ယနေ့အထိ တွေ့ရှိရသည့် ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ် အိုမီခရွန် ကူးစက်လူနာ ၄၀ ကျော်တွင် အားလုံးနီးပါးက ရောဂါလက္ခဏာအပျော့စားသာ ခံစားရကြောင်း အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်တာ(CDC) ဒါရိုက်တာ Rochelle Walenskyက ဒီဇင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ နိုဝင်ဘာ ၃၀ ရက်(ဆင်ဟွာ) လက်ရှိကာကွယ်ဆေးများသည် အသစ်ပေါ်ထွက်လာသည့် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် အိုမီခရွန် အပေါ် အလားတူ ထိရောက်မှုရှိကြောင်း တောင်အာဖရိက အဆင့်မြင့်ကျန်းမာရေး ပညာရှင်တစ်ဦးက နိုဝင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။ “ကျွန်တော်တို့ နားလည်ထားတဲ့အခြေအနေနဲ့ အခြားဂရုပြုရန်လိုအပ်တဲ့ သန္ဓေပြောင်း ဗိုင်းရပ်စ်တွေရဲ့ ကာကွယ်ဆေးအပေါ်တုန့်ပြန်မှုတွေအရ ကြိုတင်ခန့်မှန်းနိုင်တာကတော့...
ပေကျင်း၊ နိုဝင်ဘာ ၃၀ ရက်(ဆင်ဟွာ) ကိုရိုနာဗိုင်းရပ်စ် ဗီဇမျိုးကွဲသစ် အိုမီခရွန်၏ ပြည့်စုံသည့်အချက်အလက်များကို သိရှိနိုင်ရန် သတင်းနှစ်ပတ်ကြား လိုအပ်မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံ ဓါတ်မတည့်မှုနှင့်ကူးစက်ရောဂါဆိုင်ရာ အမျိုးသား အင်စတီကျု (NIAID) ဒါရိုက်တာ Anthony Fauciက နိုဝင်ဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။ အမေရိကန် သမ္မတဂျိုးဘိုင်ဒန်က ယင်းနေ့တွင်...
ပေကျင်း၊ နိုဝင်ဘာ ၂၉ ရက်(ဆင်ဟွာ) ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် အိုမီကရွန်း(omicron)ပေါ်ထွက်လာမှုက ဘက်ပေါင်းစုံ ရုတ်ရုတ်သဲသဲဖြစ်စေရာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးပြန်လည်ရှင်သန်းရေးအတွက် မသေချာမရေရာမှုအသစ်များ ထပ်တိုးစေခဲ့သည်။ ကိုဗစ်ကပ်ရောဂါ စသည့် အကြောင်းရင်း အထပ်ထပ်၏သက်ရောက်မှုများကြောင့် ပြီးခဲ့သည့်ရက်ပိုင်းက ဘဏ္ဍာရေးဈေးကွက် လှုပ်လှုပ်သဲသဲဖြစ်ခဲ့ကြောင်း သိရသည်။ ဥရောပတိုက် စတော့ဈေးကွက် တစ်လျှောက်လုံး ထိုးကျသွားခဲ့သလို စီးပွားရေးတိုးတက်မှုအပေါ်...
ပေကျင်း၊ နိုဝင်ဘာ ၂၄ ရက်(ဆင်ဟွာ) တောင်ကိုရီးယာနိုင်ငံတွင် ပြီးခဲ့သည် ၂၄ နာရီက ထပ်တိုးကိုဗစ်အတည်ပြုလူနာ ၄,၁၁၆ ဦး ရှိခဲ့ရာ ပထမဆုံး လူနာ ဦးရေ ၄,၀၀၀ ကျော်ဖြင့် ကပ်ရောဂါဖြစ်ပွားသည့်ကာလတစ်လျှောက် နေ့စဉ်ထပ်တိုးလူနာ အများဆုံး စံချိန်ချိုးခဲ့ကြောင်း တောင်ကိုရီးယားဗဟို ကူးစက်ရောဂါထိန်းချုပ်ရေးဌာနက နိုဝင်ဘာ ၂၄ ရက်တွင်...
ဆိုးလ်၊ နိုဝင်ဘာ ၁၈ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံတွင် ပြီးခဲ့သည် ၂၄ နာရီအတွင်း အသစ်ထပ်တိုးသည့် ကိုဗစ်အတည်ပြုလူနာ ၃,၁၈၇ ဦး ရှိရာ ၎င်းမှာ ကပ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း ဒုတိယအများဆုံးဖြစ်ပြီး စုစုပေါင်း အတည်ပြုလူနာ ၄၀၂,၇၇၅ ဦး ထိရောက်ရှိလာခဲ့ကြောင်း တောင်ကိုရီးယား ဗဟို ကူးစက်ရောဂါထိန်းချုပ်ရေးဌာနက နိုဝင်ဘာ ၁၇...
မနီလာ၊ နိုဝင်ဘာ ၁၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်ကာကွယ်ဆေးကို အားဖြည့်ကာကွယ်ဆေးအဖြစ် အသုံးပြုရန် ခွင့်ပြုလိုက်ကြောင်း ဖိလစ်ပိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာန အကြီးအကဲ Enrique Domingo က နိုဝင်ဘာ ၁၆ ရက် တွင် ကြေညာခဲ့သည်။
ပေကျင်း၊ နိုဝင်ဘာ ၁၀ ရက်(ဆင်ဟွာ) ကိုဗစ်ကာကွယ်ထိုးနှံထားခြင်းမရှိသည့် သူလူအုပ်စုသည် ကာကွယ်ဆေးအပြည့်အဝထိုးနှံထားသူနှင့် နှိုင်းယှဉ်ပါက ရောဂါကူးစက်ပြီးနောက် ရောဂါပြင်းထန်နိုင်မှု သို့မဟုတ် သေဆုံးနိုင်မှုသည် ၁၅ ဆ ပို၍ မြင့်မားကြောင်း ဩစတြေးလျနိုင်ငံ နယူးဆောက်သ် ဝေးလ်ပြည်နယ် ကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၈ ရက် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
ပေကျင်း၊ နိုဝင်ဘာ ၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့တွင် အောက်တိုဘာ ၂၈ ရက်မှစ၍ အသက် ၃ နှစ်မှ ၁၁ နှစ်အရွယ်လူအုပ်စုအား ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ကာကွယ်ဆေးထိုးနှံသည့်လူအုပ်စုတွင် စာသင်သားအရွယ် ကျောင်းသားကျောင်းသူများ၊ ကျောင်းပြင်ပနေ လူအုပ်စုများ ပါဝင်ပြီး ကာကွယ်ဆေးထိုးနှံမှုခံယူသူသည် အသက် ၃ နှစ်ပြည့်ရမည်ဖြစ်ကြောင်း...