ရွှေလီ၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) ၂၀၂၄ ခုနှစ် မြန်မာနိုင်ငံမူဆယ်-တရုတ်နိုင်ငံရွှေလီ နယ်စပ်ဖြတ်ကျော်မာရသွန် အပြေးပြိုင်ပွဲကို ဇန်နဝါရီ ၅ ရက်တွင် ယူနန်ပြည်နယ် တက်ဟုန်း တိုင်လူမျိုး၊ ဂျိမ်းဖောလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ရွှေလီမြို့၌ကျင်းပခဲ့ရာ တရုတ်၊ မြန်မာ၊ ဗြိတိန် စသည့်နိုင်ငံနှင့် ဒေသပေါင်းများစွာမှ လူပေါင်း ၉,၀၂၉...
ပေကျင်း ၊ မေ ၂၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ကမ္ဘာလုံးဆိုင်ရာ COVID-19 ကပ်ရောဂါတိုက်ဖျက်ရေး စစ်မြေပြင်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ၏ ဦးဆောင်မှုအခန်းကဏ္ဍတစ်ခုကို ဆက်လက်ထောက်ခံအားပေးသွားပြီး မြန်မာ နှင့် အခြားသောကမ္ဘာ့နိုင်ငံများနှင့်အတူ ဆောင်ရွက်သွားရန် တရုတ်နိုင်ငံက အသင့်ရပ်တည်သွားမည်ဖြစ်ကြောင်း မေ ၂၀ ရက်တွင် ပြောကြားခဲ့သည်။
နေပြည်တော် ၊ ဇန်နဝါရီ ၁၉ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ အနောက်ပိုင်း ဘင်္ဂလားပင်လယ်အော်တွင် တည်ရှိသော ရခိုင်ပြည်နယ် ကျော်ဖြူမြို့တွင် အနက် ၂၅ မီတာရှိသော ဆိပ်ကမ်းတစ်ခုသည် ငြိမ်သက်စွာ တည်လျက်ရှိသည်။
နေပြည်တော် ၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ကံကြမ္မာအကျိုးတူအသိုက်အဝန်းတစ်ခု တည်ထောင်ရေးနှင့် နှစ်နိုင်ငံဆက်ဆံရေး ခေတ်သစ်အတွက် အတူတကွလုပ်ဆောင်ရန် သဘောတူခဲ့ကြောင်း သိရသည်။
နေပြည်တော်၊ ဇန်နဝါရီ ၁၈ ရက်(ဆင်ဟွာ) တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးထူထောင်ခြင်းနှစ် (၇၀) ပြည့်အထိမ်းအမှတ် ဓါတ်ပုံပြပွဲ ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာ-၂ (MICC-2) တွင် ဇန်နဝါရီ ၁၈ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
နေပြည်တော်။ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိနေသော တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ (ဇန်နဝါရီ ၁၇ ရက်) ညနေပိုင်းတွင် နေပြည်တော် သမ္မတအိမ်တော်၌ ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြောင်း သိရသည်။
နေပြည်တော် ၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် နိုင်ငံတော်အလည်အပတ်ခရီးစဉ်အဖြစ် မြန်မာနိုင်ငံ နေပြည်တော်သို့ ယနေ့ ဇန်နဝါရီ ၁၇ ရက် မွန်းလွဲ ၁:၀၀ နာရီခန့်တွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။