ရန်ကုန် ၊ ဇူလိုင် ၂၃ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ “နှစ်သောင်းကျပ်တန်” ငွေစက္ကူအမျိုးအစားအသစ်ကို ၂၀၂၃ ခုနှစ် ၊ ဇူလိုင်လ ၃၁ ရက်မှစ၍ ထုတ်ဝေမည်ဖြစ်ကြောင်း ဗဟိုဘဏ်၏ သတင်းထုတ်ပြန်ချက်အား ပြန်ကြားရေး ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရေးမှ ယနေ့ ဇူလိုင် ၂၃ ရက်တွင် ထုတ်လွှင့်ကြေညာခဲ့သည်။
ရန်ကုန်၊ ဩဂုတ် ၂ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းမှ ထိန်းကျောင်းထားရှိသော ဆင်ဝိုင်းမှ ဩဂုတ် ၂၃ ရက် နံနက်ပိုင်းက မွေးဖွားလာသော ဆင်ထီးကလေးသည် ဆင်ဖြူတော်ကြန်အင်လက္ခဏာ ၇ ချက်ဖြင့် ကိုက်ညီသောကြောင့် ဆင်ဖြူတော်အဖြစ် သတ်မှတ်လိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သော...