Media3 years ago
တန်ချိန် ၃၈,၀၀၀ အလေးချိန်ရှိကြိုးတံတားကြီးအား နာရီလက်တံအတိုင်းလှည့်လည်တပ်ဆင်ခြင်း
ဖူကျန့်၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်းဖူကျန့်ပြည်နယ်တွင် ပြီးခဲ့သည့်တနင်္လာနေ့ညပိုင်းက တန်ချိန် ၃၈,၀၀၀ အလေးချိန်ရှိကြိုးတံတားကြီးအား နာရီလက်တံအတိုင်းလှည့်လည်တပ်ဆင်ပြီးစီးခဲ့ကြောင်းသိရသည်။ ၂၂၁. ၃ မီတာ အရှည်ရှိသည့် ပင်မ တံတားကြီးအား နာရီလက်တံအတိုင်း ၄၀ ဒီဂရီလှည့်လည်ပြီး သတ်မှတ်ထားသည့် အနေအထားသို့ရောက်ရှိရန် အချိန် မိနစ် ၄၀ ခန့်ကြာမြင့်ခဲ့သည်။...