Connect with us

Media

တန်ချိန် ၃၈,၀၀၀ အလေးချိန်ရှိကြိုးတံတားကြီးအား နာရီလက်တံအတိုင်းလှည့်လည်တပ်ဆင်ခြင်း

ဖူကျန့်၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအရှေ့ပိုင်းဖူကျန့်ပြည်နယ်တွင် ပြီးခဲ့သည့်တနင်္လာနေ့ညပိုင်းက တန်ချိန် ၃၈,၀၀၀ အလေးချိန်ရှိကြိုးတံတားကြီးအား နာရီလက်တံအတိုင်းလှည့်လည်တပ်ဆင်ပြီးစီးခဲ့ကြောင်းသိရသည်။ ၂၂၁. ၃ မီတာ အရှည်ရှိသည့် ပင်မ တံတားကြီးအား နာရီလက်တံအတိုင်း ၄၀ ဒီဂရီလှည့်လည်ပြီး သတ်မှတ်ထားသည့် အနေအထားသို့ရောက်ရှိရန် အချိန် မိနစ် ၄၀ ခန့်ကြာမြင့်ခဲ့သည်။ အဆိုပါတံတားကြီးသည် ၂၇၇ ကီလိုမီတာ အရှည်ရှိသည့် ဖူးကျိုး-ရှမန် အမြန်ရထားလမ်း၏ အစိတ်အပိုင်းလည်းဖြစ်သည်။ တစ်နာရီလျှင် ၃၅၀ ကီလိုမီတာအမြန်နှုန်းဖြင့်မောင်းနှင်ပြေးဆွဲမည့် ရထားလမ်းတွင် ဖူးကျိုးမြို့နှင့် ရှမန်မြို့တို့အား အချိန် ၁ နာရီအတွင်းသွားလာနိုင်မည်ဖြစ်သည်။ ရထားလမ်းအား ၂၀၂၂ ခုနှစ်တွင် စတင်အသုံးပြုရန်လျာထားကြောင်းသိရသည်။ ( Xinhua)

…………………..
(English Version)
38,000-tonne railway bridge in east China’s Fujian rotates to position
A 38,000-tonne cable-stayed bridge has successfully rotated to its position in Fujian, east China, on Monday night.
The 221.3-meter-long main bridge rotated 40 degrees clockwise in an unbalanced status to its targeted position in about 40 minutes.
The mega bridge is part of the 277-km Fuzhou-Xiamen high-speed railway.
With a designed speed of 350km/h, the railway will cut travel time between the provincial capital Fuzhou and the tourist attraction Xiamen to within 1 hour.
The railway is scheduled to go into operation in 2022.