ရာဖာ၊ အီဂျစ်၊ ဩဂုတ် ၈ ရက် (ဆင်ဟွာ) ပူပြင်းသောနေရောင်အောက်တွင် အီဂျစ်ယာဉ်မောင်းတစ်ဦးဖြစ်သော မိုဟာမက် အဗ္ဗဒဲလ်ဖတ်တာသည် ဆေးဝါးများနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ တင်ဆောင်ထားသော ၎င်း၏ ထရပ်ကားကို ရာဖာနယ်စပ်ဖြတ်ကျော်လမ်းမှတစ်ဆင့် ဂါဇာကမ်းမြောင်ဒေသသို့ ဝင်ရောက်ရန် စိတ်စောလျက်ရှိသည်။ ယင်းနယ်စပ်ဖြတ်ကျော်လမ်းကို မေလအစောပိုင်းက အစ္စရေးဘက်က ပိတ်ထားခဲ့ခြင်းဖြစ်သည်။ “နယ်စပ်ဖြတ်ကျော်လမ်းပိတ်ထားပြီး တစ်ပတ်လောက်မှ ကျွန်တော်ရောက်နေတာပါ”...
ဘေရွတ်၊ ဩဂုတ် ၇ ရက် (ဆင်ဟွာ) ဟစ်ဇ်ဘိုလာ အကြီးတန်းတပ်မှူး Fuad Shukr ကို အစ္စရေး လုပ်ကြံမှုအပေါ် “ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မည်” ဟု လက်ဘနွန် ဟစ်ဇ်ဘိုလာ ခေါင်းဆောင် Hassan Nasrallah က ဩဂုတ် ၆ ရက်တွင် ပြောကြားခဲ့သည်။ Fuad...
ဂါဇာ၊ ဩဂုတ် ၇ ရက် (ဆင်ဟွာ) ဟားမက်စ်အဖွဲ့သည် လွန်ခဲ့သည့် သီတင်းပတ်က တီဟီရန်မြို့၌ ကွယ်လွန်သွားသော အကြီးအကဲ အစ္စမေးလ်ဟာနီယာ၏ နေရာတွင် အစားထိုးရန် ယာ့ယာစင်ဝါ (Yahya Sinwar) ကို ၎င်းတို့၏ နိုင်ငံရေးဗျူရိုအကြီးအကဲအဖြစ် ရွေးချယ်ကြောင်း ဩဂုတ် ၆ ရက်တွင် ကြေညာခဲ့သည်။ “ဟားမက်စ်အဖွဲ့ရဲ့...
ဂါဇာ/ဂျေရုဆလမ်၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ) အစ္စရေးစစ်တပ်က ဩဂုတ် ၄ ရက်တွင် ဂါဇာမြို့ရှိ စာသင်ကျောင်း ၂ ကျောင်းကို ဗုံးကြဲတိုက်ခိုက်ရာ အနည်းဆုံး လူ ၂၅ ဦး သေဆုံးပြီး လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း ပါလက်စတိုင်းသတင်းအေဂျင်စီ၏ ယင်းနေ့တွင် ဖော်ပြသည့် သတင်းများအရ သိရသည်။...
ပေကျင်း၊ ဩဂုတ် ၃ ရက် (ဆင်ဟွာ) ပါလက်စတိုင်း အစ္စလာမ်မစ်တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) ခေါင်းဆောင် လုပ်ကြံခံရပြီးနောက် ဒေသတွင်း တင်းမာမှုများ မြင့်တက်လာမှုကို တုံ့ပြန်ရန်နှင့် အစ္စရေးအား ထောက်ပံ့ရန် အမေရိကန်စစ်တပ်က အရှေ့အလယ်ပိုင်းဒေသများသို့ ပိုမိုများပြားသော တိုက်လေယာဉ်နှင့် စစ်သင်္ဘောများ စေလွှတ်မည်ဟု အမေရိကန်နိုင်ငံ ကာကွယ်ရေးဌာနက သြဂုတ်...
ကုလသမဂ္ဂ၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း”ကို ဖော်ဆောင်ခြင်းက အရှေ့အလယ်ပိုင်းပြဿနာ ဖြေရှင်းရေး၏ တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်ဟု ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက ဇူလိုင် ၁၇ ရက် လုံခြုံရေးကောင်စီ ပါလက်စတိုင်း-အစ္စရေးအရေး တံခါးဖွင့် ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။...
ဒမတ်စကပ်စ်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) အစ္စရေးက ဆီးရီးယားနိုင်ငံအပေါ် တိုက်ခိုက်မှုများ ဆက်လက်ဆောင်ရွက်နေမည်ဆိုပါက ဆိုးရွားသည့်အကျိုးဆက်များကို ရင်ဆိုင်ရလိမ့်မည်ဟု ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်း သိရသည်။ ဆီးရီးယားနိုင်ငံမြို့တော် ဒမတ်စကပ်စ်နှင့် စစ်ဘက်ဆိုင်ရာ ပစ်မှတ်များအား အစ္စရေး၏ တိုက်ခိုက်မှုများအပြီးတွင် ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက မှတ်ချက်ပြုပြောကြားခဲ့ ခြင်းဖြစ်သည်။ ဆီးရီးယားနိုင်ငံသည် နိုင်ငံတကာ ဥပဒေပါပြဋ္ဌာန်းချက်များအရ...
ဂါဇာ၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ) ပါလက်စတိုင်း ဆေးကုသရေးနှင့် ကူညီကယ်ဆယ်ရေး အဖွဲ့က အစ္စရေးစစ်တပ်ဆုတ်ခွာသွားသည့် ဂါဇာမြို့ Shujaiya လူနေရပ်ကွက်၌ သေဆုံးသူ ၆၀ ကျော်နှင့် အပျက်အစီးများကြားတွင် ဒါဇင်နှင့်ချီ ပိတ်မိနေသူများကို တွေ့ရှိရကြောင်း ပါလက်စတိုင်း သတင်းအေဂျင်စီ (WAFA) က ဇူလိုင် ၁၁...
ဂျေရုဆလမ်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ) အစ္စရေးအနေဖြင့် ဂါဇာကမ်းမြောင်တွင် ပါလက်စတိုင်း အစ္စလာမ်မစ်တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) တို့နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိလျှင်လည်း လက်ဘနွန် ဟစ်ဇ်ဘိုလာတို့နှင့် တိုက်ပွဲကို ဆက်လက် တိုက်ခိုက်သွားမည် ဖြစ်ကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီး Yoav Gallant က...
ဂျေရုဆလမ်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံ မြောက်ပိုင်းသို့ လက်ဘနွန်မှ ဒုံးကျည်အစင်း ၁၀၀ ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က ဇူလိုင် ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ဒုံးကျည်အများစုသည် ကျယ်ပြန့်သောလဟာပြင်နေရာများတွင် ကျရောက်ခဲ့ပြီး အသေအပျောက်မရှိခဲ့ကြောင်း အစ္စရေးစစ်တပ်၏ ထုတ်ပြန်ချက်တစ်ခုအရ သိရသည်။ ဒုံးကျည်ဖြင့် တိုက်ခိုက်ရခြင်းမှာ...