ပေကျင်း၊ မတ် ၁၇ ရက် (ဆင်ဟွာ)

၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ ကွန်ဂရက် (NPC) ၏ နှစ်ပတ်လည်အစည်းအဝေး ၌ မတ် ၁၇ ရက် နံနက်ပိုင်းတွင် လီကျန်ဆူးအား NPC အမြဲတမ်းကော်မတီ ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြောင်း သိရသည်။

ပေကျင်း၊ မတ် ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတအဖြစ် အသစ်ရွေးကောက်တင်မြှောက်ခံရသော သမ္မတ ရှီကျင့်ဖိန် သည် မတ် ၁၇ရက်တွင် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမကြီး၌ အခြေခံဥပဒေနှင့် အညီ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြောင်း သိရသည်။

ပေကျင်း၊ မတ် ၁၇ ရက် (ဆင်ဟွာ)

၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် အစည်းအဝေးပွဲ ၌ မတ် ၁၇ရက် နံနက်ပိုင်းတွင် ရှီကျင့်ဖိန်အား တရုတ်နိုင်ငံ သမ္မတ နှင့် တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ အဖြစ်ရွေးကောက်တင်မြောက်လိုက်ကြောင်း သိရသည်။ (Xinhua)

ပေကျင်း၊ မတ် ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက မတ်လ ၁၃ ရက်က ဖွင့်ဟပြသလိုက်သည့် အစိုးရအဖွဲ့ ပြန်လည်ဖွဲ့စည်းခြင်း အစီအမံသည် ပြည်သူများ၏ လိုအပ်ချက်များနှင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု၊ ပိုမိုထိရောက်သော အုပ်ချုပ်မှုနှင့်အတူ ချော့မွေ့သော အုပ်ချုပ်ပုံနည်းစနစ်ဖြင့် ဆုံတွေ့နိုင်မည့် အရေးကြီးသော တော်လှန်ရေး အရွေ့ (Move) တစ်ခု ဖြစ်ကြောင်း နိုင်ငံတကာ လေ့လာသူများက ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ကြသည်။

ပေကျင်း ၊ မတ် ၁၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ထိပ်တန်းနိုင်ငံရေး အတိုင်ပင်ခံ ကိုယ်စားလှယ်များတက်ရောက်ခဲ့သော တရုတ်ပြည်သူ့နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ညီလာခံ(CPPCC) ၏ ၁၃ ကြိမ်မြောက် အမျိုးသားကော်မတီ၏ ပထမ အကြိမ်အစည်းအဝေး ပိတ်ပွဲ အခမ်းအနားကို မတ်လ ၁၅ ရက် နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပေကျင်း၊ မတ် ၁၅ ရက်(ဆင်ဟွာ)

သမ္မတရှီကျင့်ဖိန် က တရုတ်နိုင်ငံတစ်ဝန်းလုံးရှိ အမျိုးသားပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ်များ၊ တရုတ် ပြည်သူ့ နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းမှု ညီလာခံကိုယ်စားလှယ်များ နှင့် တွေ့ဆုံဆွေးနွေးကာ တိုင်းပြည်တိုးတက်ရေးနှင့် သက်ဆိုင်သည့် အဓိကကျသော အခန်းကဏ္ဍများကိုဆွေးနွေးခဲ့သည်။ ယခု video ထဲတွင် သမ္မတရှီကျင့်ဖိန် ၏ သမ္မတသက်တမ်းတစ်လျှောက် ညီလာခံကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် မှတ်တမ်းပုံရိပ်များနှင့် သမ္မတရှီကျင့်ဖိန်အပေါ်ထားရှိသည့် ပြည်သူတို့၏ စိတ်သဘောထားများကို ဆင်ဟွာသတင်းဋ္ဌာနက စုစည်းတင်ဆက်ခြင်းဖြစ်ပါသည်။ (Xinhua)

ပေကျင်း ၊ မတ် ၁၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ထိပ်တန်းနိုင်ငံရေး အတိုင်ပင်ခံ ကိုယ်စားလှယ်များတက်ရောက်ခဲ့သော တရုတ်ပြည်သူ့နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ညီလာခံ(CPPCC) ၏ ၁၃ ကြိမ်မြောက် အမျိုးသားကော်မတီ၏ ပထမ အကြိမ်အစည်းအဝေး ပိတ်ပွဲ အခမ်းအနားကို ယနေ့( မတ်လ ၁၅ ရက်) နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပေကျင်း၊ မတ် ၁၄ ရက် (ဆင်ဟွာ)

တရုတ် ပြည်သူ့ နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုညီလာခံ (CPPCC) အမျိုးသားကော်မတီ ဥက္ကဋ္ဌအဖြစ် ဝမ်းယန် (Wang Yang) အား မတ်လ ၁၄ ရက် နေ့လည်ပိုင်းက ရွေးချယ်လိုက်ကြောင်း သိရသည်။

ပေကျင်း၊ မတ် ၁၄ ရက် (ဆင်ဟွာ)

၁၃ ကြိမ်မြောက် တရုတ် ပြည်သူ့ နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုညီလာခံ (CPPCC) အမျိုးသားကော်မတီ ဒုတိယ ဥက္ကဋ္ဌ ၂၄ ဦးအား မတ်လ ၁၄ ရက်က ရွေးချယ်လိုက်ကြောင်း သိရသည်။